မုန့်စားကျောင်းဆင်းလာသော ၁၀ နှစ်အရွယ် မိန်းကလေးအား ၆၂ အရွယ်အဖိုးကြီးမှ မုဒိန်းကျင့်
06 Jan 2017 1,358 Views

ဇန်နဝါရီ ၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မြန်အောင်မြို့၊ အမှတ် (၁)ရပ်ကွက်ရှိ အ.မ.က မကျီးစုကျောင်း၌ တတိယတန်းတွင် ပညာသင်ကြားနေသော အသက် ၁၀ နှစ်အရွယ် မ---------- သည် ထမင်းစားကျောင်းဆင်းနေစဉ် တစ်ရပ်ကွက်ထဲနေပြီး ခင်မင်ရင်းနှီးနေသူ အသက် ၆၂ နှစ်အရွယ် ဦးမြစိုးမှ မုန့်ဖိုးလာယူရန် ကျောင်းဝင်းပြင်ပသို့ လိမ်လည်၍ ခေါ်ယူကာ ကျောင်းအနီးရှိ ဝါရုံတောအတွင်းသို့ ပါးစပ်ကို ပိတ်ထားလျှက် လက်ဆွဲ၍ ခေါ်ဆောင်ခဲ့ပြီးနောက် သားမယားအဖြစ် အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်သည်။


အဆိုပါအမှုအတွက် ဦးမြစိုး (၆၂ နှစ်) အား မြန်အောင်မြို့မရဲစခန်း (ပ)၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
Source:Ko A Tar(မှုခင်းရှုထောင့်မီဒီယာအဖွဲ့)