မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၇ ဂျပန်ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ကားများကို အခမဲ့ပြသမည်
06 Jan 2017 1,452 Views

၂၀၁၇ ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် တစ်ပတ်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်တွင်ပြသမည့် ဂျပန်ရုပ်ရှင်ဇာတ်ကားများအား အခမဲ့ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တစ်နေ့ကို ပွဲစဉ်လေးပွဲ ပြသနိုင်ရန် စီစဉ်ထားသည်။ ဂျပန်နိုင်ငံတွင် အောင်မြင်ကျော်ကြားသော ရုပ်ရှင်ဇာတ်ကားများအပါအဝင် အန်နီမေးရှင်းဇာတ်ကားများလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာစာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ဇာတ်ကားစာရင်းမှာ-
“The Boy and the Beast”, “Flying Colors”, “Evergreen Love”, “No Longer Heroine”, “The Complex”, “Short Animation 1”, “BORUTO NARUTO The Movie”, “The Dangerous Cops Final 5 Days”, “ave a Song on Your Lips”, “When Marine Was There” ရုပ်ရှင်ဇာတ်ကားများအပြင် အခြားဇာတ်ကားကောင်းများကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်ရုပ်ရှင်ပွဲတော်တွင် ဇာတ်ကားများ ကြည့်ရှုလိုသူများအနေနှင့် ပွဲမစတင်မီ တစ်နာရီခန့် ကြိုတင်ကာ နေပြည်တော်ရုပ်ရှင်ရုံသို့ လာရောက်ကာ လက်မှတ်များကို အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
Source: Japanese Film Festival 2017 (FB)