သခွားသီးစားပေးခြင်းက အမျိုးသားများရဲ့ အိမ်ထောင်ရေးသုခကို ပိုမိုပေးစွမ်းနိုင်
05 Jan 2017 1,907 Views
ကမ္ဘာတစ်ဝန်း အသက် ၄၀ မှ ၇၀ အရွယ် အမျိုးသား ထက်ဝက်ခန့်တွင် ပန်းသေပန်းညိုးခြင်းနှင့် ဆီးပူညောင်းကျ ခြင်းတို့ ဖြစ်ပွားလေ့ရှိကြောင်း ၊ ထိုသို့ဖြစ်ရသော အကြောင်းရင်း အကြောင်းခံ အမျိုးမျိုးရှိနိုင်ရာဝယ် သွေးကြောများ ကျဉ်းလာခြင်း ၊ ဆီးချိုဖြစ်ပွားခြင်း ၊ ကိုလက်စထရောမြင့်မားခြင်း ၊ သွေးတိုးခြင်း တို့သည်လည်း အဓိကလက်သည် များ ဖြစ်ကြောင်း ၊ ပန်းသေပန်းညိုးရောဂါကိုကုသရန် နည်းလမ်းအမြောက်အများရှိရာဝယ် နေထိုင်စားသောက်မှုပုံစံ ပြောင်းပေးခြင်း ၊ ကိုယ်အလေး ချိန်လျှော့ချခြင်း ၊ statin ဟိုမုန်းများကို စားပေးခြင်းအပြင် လိုအပ်လျင် Viagra ဟိုမုန်း ကိုလည်း သောက် သုံးပေး ရခြင်းဖြစ်ကြောင်း သိရသည် ။ Statin တို့ Viagra တို့ဆိုတာ လူတိုင်းနဲ့မတည့်ပါဘူး ။ အထူးသဖြင့် သွေးတိုးသူတွေ၊ သွေးကြောကျဉ်းသူတွေ အတွက် အသက်အန္တရာယ်တောင်ရှိပါတယ် ။ သူတို့ဆိုရင် သခွားသီးကိုပုံမှန်စားပေးနေရုံနဲ့ ထူးခြားတဲ့ရလာဒ်တွေ ကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။