အွန်လိုင်းမှာ ဝေဖန်သူများနေတဲ့ မန္တလေးက တန်ဖိုးမျှအိမ်ယာ အရောင်းပွဲ
05 Jan 2017 1,753 Views
မန္တလေးမြို့ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌါနမှ တည်ဆောက်ကာ ဝင်ငွေနည်းပြည်သူများ၊ အစိုးဝန်ထမ်းများ၊ အငြိမ်းစာများနှင့် ကုမ္ပဏီဝန်ထမ်းများကို အရစ်ကျစနစ်နှင့် ရောင်းချပေးသော မြရည်နန္ဒာ တန်ဖိုးမျှအိမ်ယာအရောင်း မဲနှိုက်ပွဲကို ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ခဲ့သည်။
အဆိုပါ တိုက်ခန်းအရောင်း မဲနှိုက်ပွဲသို့ ကိုယ်ပိုင်ကားများနှင့် မော်တော်ဆိုင်ကယ် အများအပြား လာရောက်တန်းစီခဲ့သဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့ရှိ ကျုံးဘေး ၆၆ လမ်းကို ခေတ္တလမ်းပိတ်ထားခဲ့ရသည့်အပေါ် အွန်လိုင်းတွင် ဝေဖန်မှုများရှိခဲ့သည်။
ဝေဖန်ချက်အချို့ကို အောက်ပါအတိုင်း ရေးသားခဲ့ကြသည်။
“မန်းလေးနန်းတော်ရှေ့မှာ နေစရာ အိမ်မရှိလို့ တန်ဖိုးနည်းတိုက်ခန်းတွေ မဲဖောက်ပွဲကို လာစောင့်နေကြတာ တဲ့ ဆင်းရဲကြရှာလို့လားမသိဘူး ကားတွေကို ပိတ်လို့ သနားပါတယ်”
“အရှက်လေးတော့ရှိကြပါဟယ်” “ကားနဲ့လာသူ ငမွဲများ:-):-)” “တန်ဖိုးနည်းအိမ်ယာနှင့်တန်ဖိုးကြီးကားများ”
“အမငီး ဝင်ငွေနည်းပြည်သူနဲ့ဝန်ထမ်းတွေတဲ့၊ ဒို့နိုင်ငံများချမ်းသာချက် ဝင်ငွေနဲတဲ့သူတောင် ကားတွေဗြုန်းဆန်လို့”
စသည်ဖြင့် ဝေဖန်ခဲ့ကြသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ် ရာများကို မြေညီထပ်တစ်ခန်းလျှင် ကျပ် ၂၂၃ သိန်း၊ ပထမထပ်တစ် ခန်းလျှင် ကျပ် ၂၀၈ သိန်း၊ ဒုတိယ ထပ် ကျပ် ၁၉၃ သိန်း၊ တတိယ ထပ် ကျပ် ၁၇၈ သိန်း၊ စတုတ္ထ ထပ် ကျပ် ၁၆၃ သိန်းနှုန်းများဖြင့် ရောင်းချမည်ဖြစ်ပြီး လက်ငင်းစ နစ်၊ အရစ်ကျစနစ်၊ ဘဏ်ချေးငွေ စနစ်တို့ဖြင့် ရောင်းချပေးမည် ဖြစ် သည်။
မဲပေါက်၍ တိုက်ခန်းဝယ်ယူ ခွင့်ရသူသည် (၁) တိုက်ခန်းတန် ဖိုးကို အရစ်ကျစနစ်ဖြင့် လေးလ၊ လေးရစ်ဖြင့် အကျေပေးချေသော စနစ်၊ (၂) ဘဏ်ချေးငွေဖြင့် ဝယ်ယူသောစနစ် (ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်သာ) ။ တိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို တစ်ကြိမ်တည်း အကျေပေးသွင်းခြင်း (သို့မဟုတ်) တစ်နှစ်အတွင်း အရစ်ကျပေးသွင်းခြင်းဖြင့် ဦးစွာပေးသွင်းကာ တိုက်ခန်း၏ တန်ဖိုး ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေစနစ်ဖြင့် ရှစ်နှစ်အတွင်း ပေးချေရမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
မြရည်နန္ဒာ တန်ဖိုးမျှအိမ်ရာ တိုက်ခန်း ၅၆၀ အတွက် ဝယ်ယူခွင့်ရရန် လျှောက် ထားသူ ၁၃,၀၀၀ ကျော်ရှိသည်ဟု တိုက်ခန်းဝယ်ယူခွင့် မဲနှိုက်ရွေး ချယ်ရာတွင် ကြီးကြပ်နေသည့် မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။
Source:facebook, 7Day