အကြမ်းဖက်လုပ်ရပ်များအတွက် စစ်သင်တန်းပို့ချသူ ဘင်္ဂလီများ လက်လုပ်သေနတ်များနှင့်အတူ ဘူးသီးတောင်တွင် ဖမ်းဆီးရမိ
05 Jan 2017 1,385 Views

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားမှ စစ်သွေးကြွမွတ်ဆလင်များ အရှေ့အလယ်ပိုင်းရှိ ISIS အဖွဲ့များနှင့် ချိပ်ဆက်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ဘင်္ဂါလီအရေးကိစ္စများတွင် ဂျီဟတ်စစ်ပွဲဆင်နွဲရန် စစ်သင်တန်းများ တက်ရောက်ခြင်း၊ အကြမ်းဖက် အစီစဉ်များကို ရေးဆွဲခြင်းတို့ ရှိနေကြောင်း နိုင်ငံတစ်ကာမှ သတိပေးမှုများရှိနေခဲ့သည်။
ပြီးခဲ့သည့်လက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံတွင် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် အကွက်ကျကျစီစဉ်နေသူ အင်ဒိုနီးရှားလူမျိုး တစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ မြန်မာနိုင်ငံတွင်းသို့ စစ်သင်တန်းပေးရန် စေလွှတ်ထားခြင်း ရှိ၊မရှိ မသေချာကြောင်း မလေးရှား အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အဖွဲ့မှ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာတွင် စစ်သင်တန်း တက်ရောက် ပြီးသူများနှင့် လက်နက်များ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဇန်နဝါရီ ၄ ရက် နံနက် ၃နာရီခွဲတွင် အဆိုပါကျေးရွာသို့ ရောက်ရှိကာ ဖြန့်ကျက် ပိတ်ဆို့ရှင်းလင်းရာ စစ်သင်တန်းပို့ချသူ မာမက်ကာရက်နှင့် သင်တန်းတက်ရောက်ပြီးသူ ကူမူရူး၊ ဒီမာမွတ်နှင့် မာဒူလား တို့လေးဦးကို မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်စစ်ဆေးခဲ့ရာ ဒီမာမွတ်၏ ကွမ်းခြံအတွင်း မြွေရေခွံအိတ်ဖြင့်ထုပ်၍ မြေတွင်မြှုပ်ဝှက်ထားသော လုပ်သေနတ် ၁၄ လကကို ဖော်ထုတ်သိမ်းဆည်းရမိပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ဖော်ရေးသားခဲ့သည်။
မည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် တာစူနေသည့် ISIS အကြမ်းဖက်အဖွဲ့အစည်း၏ အန္တရာယ်ကို မပြတ်သတိရှိနေဖို့ လိုပါပြီ။