ချောကလက်မှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ခဲနှင့်ကဒ်ဒမီယမ်တွေ ပါဝင်
03 Jan 2017 1,684 Views
လောကမှာရှိတဲ့ ဘယ်အရာ မဆို အကောင်းနဲ့အဆိုးယှဉ်တွဲနေ တယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါ တယ် ။ ချောကလက်ကလည်း လောကရဲ့ အရာဝတ္ထုတွေထဲကတစ်ခုဖြစ်တဲ့အတွက် သူ့မှာလည်း ကောင်းတဲ့ အကွက်ရော ဆိုးတဲ့အကွက်ပါ ပါဝင်ပါတယ် ။ ဒါပေမဲ့ အများစုကတော့ ချော့ကလက်မှာ antioxidant နဲ့ Flavanoids တွေများစွာပါဝင်တဲ့ အတွက် နှလုံးနဲ့ကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်းစေတယ်ဆိုတာပဲ သိကြပါတယ် ။
ဒါပေမဲ့ ချောကလက် မှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ သဘာဝသတ္ထုတွေဖြစ်တဲ့ ခဲ (lead) နဲ့ ကဒ်ဒမီယမ် (cadmium) တွေ ပါဝင်တယ်ဆိုတဲ့အကြောင်းကိုသိတဲ့သူ ရှားပါတယ် ။ ဘရာဇီးသိပ္ပံပညာရှင် တွေက US သို့တင်ပို့လျက်ရှိတဲ့ ဘရာဇီးချောကလက်၊ နို့ချောကလက် နဲ့ ချောကလက်အမည်း အမျိုးအစား ၃၀ လောက် ကို စစ်ဆေးစမ်းသပ်ပြီး တဲ့နောက်မှာ ခဲနဲ့ ကဒ်ဒမီယမ်တွေ ပိုပါဝင်နေတာ ကို တွေ့ခဲ့ရ ပြီးတဲ့ နောက် မှာတော့ ဘရာဇီးအစိုးရ ၊ ဥရောပယူနီယံနဲ WHOတို့ ပူးတွဲပြီး ချောကလက်ထဲမှာ အများဆုံးပါဝင် နိုင်မည့် ခဲနဲ့ ကဒ်ဒမီယမ်ပမာဏကို ကန့်သတ်လိုက်ပါတယ် ။
ချောက လက်ထဲမှာတွေ့ရတဲ့ ခဲကတော့ ခေါင်း ကိုက်ခြင်း ၊ သွေးအားနည်းခြင်း တို့ဖြစ်ပေါ်တတ်ပြီး ၊ ကဒ်ဒမီယမ်က တော့ ခန္ဓာကိုယ်တွင်း အင်္ဂါတွေပျက် စီးခြင်းနဲ့ ဟော်မုန်းအပြောင်း အလဲ တွေဖြစ်ပေါ်စေ တယ်လို့ သိရပါတယ် ။ ချောကလက်တွေထဲမှာ ခဲနဲ့ကဒ်ဒမီ ယမ်အများဆုံးကတော့ ချောကလက် အမည်းတွေဖြစ်တယ်လို့ သိရပါ တယ် ။