အစိုးရက သက်ငယ်မုဒိမ်းမှုများ လျော့နည်းအောင် မစွမ်းဆောင်နိုင်ပါက လူထုဆန္ဒပြုပွဲ ထပ်မံကျင်းပမည်
03 Jan 2017 1,361 Views

ကလေးငယ်အား လိင် ပိုင်းဆိုင်ရာ စော်ကားသူများကို အစိုးရက ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်ခြင်းများ၊ လွှတ်တော်က အဆိုပြုဆွေးနွေးခြင်းများ ပြုလုပ်နေသော်လည်း ခြောက်လအတွင်း ယင်းအမှုများ လျော့နည်းပ ပျောက်ခြင်းမရှိလျှင် လူထုဆန္ဒပြု ပွဲထပ်မံပြုလုပ်မည်ဟု သတင်းရရှိသည်။ကလေးငယ်အား လိင်ပိုင်း ဆိုင်ရာစော်ကားမှုများလျော့နည်း ပပျောက်စေရေး ဆန္ဒပြုပွဲကို ပြီးခဲ့ သည့် ၂၀၁၆ နိုဝင်ဘာ ၂၇ ရက် က ကန်တော်ကြီးမျှော်စင်ကျွန်း တွင် ပြုလုပ်ခဲ့ပြီး လူပေါင်းရှစ်ရာ ကျော် ပါဝင်ဆင်နွှဲခဲ့သည်။
ယင်းပွဲကို စီစဉ်သူ သက် ငယ်မုဒိမ်းမှုများ လျော့နည်းပ ပျောက်စေချင်သူများအဖွဲ့ အဖွဲ့ ဝင် ကိုဇေယျာထွန်းက ‘‘ကျွန် တော်တို့ အဲဒီပွဲလုပ်မယ် စဉ်းစား ကြတုန်းက တကယ်လို့ပွဲလုပ်ပြီး ဘာမှမဖြစ်ဘူးဆိုရင်လို့ မေးခွန်း ထုတ်ကြတယ်။ အဲဒီကတည်းက သုံးလ၊ ခြောက်လစောင့်ကြည့်ပြီး ဘာမှ မထူးခြားရင် ဒီထက် လူပို များပြီး ကြီးကျယ်တဲ့ပွဲ ထပ်လုပ် မယ်လို့ ဆုံးဖြတ်ထားကြတယ်’’ ဟု ပြောသည်။
ပွဲကျင်းပပြီး သုံးရက်မြောက် နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အစိုးရသတင်းစာ မှတစ်ဆင့် သက်ငယ်မုဒိမ်းမှုများ အပေါ် ၎င်းတို့၏ဆောင်ရွက်ချက် များအကြောင်း အသိပေးစာထုတ် ပြန်ပေးခဲ့သည်။ ထို့နောက်တွင် လွှတ်တော်ကလည်း သက်ငယ်မုဒိမ်းမှုများကို ကြီးလေးသည့် ပြစ် ဒဏ်ချပေးရေးအတွက် ဆွေးနွေး ခဲ့သည်။ Legal Clinic Myanmar မှ ဒါရိုက်တာဒေါ်လှလှရီက သက် ငယ်များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများအား ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရုံဖြင့် ပပျောက် သွားမည် မဟုတ်ဘဲ လူမှုအဖွဲ့အစည်းကို အသိပညာပေးခြင်း၊ ထောင်တွင်း ရောက်သွားသည့် ကျူးလွန်သူများအား စာရိတ္တပြု ပြင်ရေး စခန်းသွင်းလေ့ကျင့်ခြင်း များ ပြုလုပ်မှသာ သက်ငယ်များ အပေါ် လိင်စော်ကားသည့် ဖြစ်စဉ် များ လျော့နည်းပပျောက်မည်ဟု သုံးသပ်သည်။
ယခုနောက်ပိုင်းတွင် က လေးငယ်များအား လိင်ပိုင်းဆိုင် ရာစော်ကားသူများကို ခရိုင်တရား ရုံးများက အမြင့်ဆုံးပြစ်ဒဏ်ဖြစ် သည့် ထောင်ဒဏ်နှစ် ၂၀ ချမှတ် ပေးခြင်းမျိုးလည်း ရှိလာသည်။ ယင်းပြစ်မှုကို ထိရောက် သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေး မြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က လက်ရှိ၌ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ဖြင့်သာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်၍ ပိုမိုထိရောက် သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင် ရာ ဥပဒေတစ်ရပ် ပြင်ဆင်ရေးဆွဲ လျက်ရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေးဥပဒေကိုလည်း အသစ်ရေး ဆွဲဆောင်ရွက်နေသည်ဟု ရှင်း လင်းခဲ့သည်။
၎င်းက ဆက်လက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ငယ် မုဒိမ်းမှုများကို စုံစမ်းစစ်ဆေးပြီး တရားရုံးများသို့ တရားစွဲဆိုတင်ပို့ ရာတွင် ၂၀၁၆ နိုဝင်ဘာအထိ မြို့နယ်တရားရုံးသို့ ၉၉ မှု၊ ခရိုင် တရားရုံးသို့ ၄၁၈ မှု၊ စုစုပေါင်း ၅၁၇ မှုကို တရားစွဲတင်ပို့နိုင်ခဲ့ ကြောင်း၊ တရားရုံးက သက်ငယ်မု ဒိမ်းကျူးလွန်သူများကို ပြစ်ဒဏ်ချ မှတ်မှုအနေဖြင့် ၂၀၁၆ အတွင်း ထောင်ဒဏ်ကို တစ်နှစ်မှ ငါးနှစ် အထိ ၆၅ ဦး၊ ခြောက်နှစ်မှ ခုနစ် နှစ်အထိ ၄၆ ဦး၊ ရှစ်နှစ်မှ ဆယ် နှစ်အထိ ၇၂ ဦး၊ ဆယ်နှစ်မှ နှစ် ၂၀ အထိ ၂၄ ဦး စုစုပေါင်း ၂၀၇ ဦးကို ပြစ်ဒဏ်များ အသီးသီးချ မှတ်ခဲ့ကြောင်း သတင်းရရှိသည်။
Credit : 7day daily
ဓာတ်ပုံ 7day daily