တိုင်ကြားစာဆိုင်ရာကော်မတီတွင် တရားစီရင်ရေးနှင့်ပတ်သက်သည့် တိုင်စာ ၅၀ ရာခိုင်နှုန်းရှိ
03 Jan 2017 1,366 Views

ပြည်သူတို့၏ တိုင်ကြား စာဆိုင်ရာကော်မတီသို့ ၂၀၁၆ အတွင်း တိုင်ကြားစာ လေးထောင် ခန့်ရှိခဲ့ပြီး တရားစီရင်ရေးနှင့် ပတ် သက်သော တိုင်ကြားစာ ၅၀ ရာ ခိုင်နှုန်းခန့်ပါဝင်ကြောင်း ယင်း ကော်မတီမှ သတင်းရရှိသည်။အထက်ပါ ကော်မတီက ပြည်သူများ၏ တိုင်ကြားစာများ ကို စာဖြင့်လက်ခံပြီး အချက်အ လက်ခိုင်မာသည့် တိုင်စာများကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ ကာ အကြံပြုချက်တောင်းခံခြင်း၊ စုံစမ်းစစ်ဆေးခြင်းများပြုလုပ်၍ လွှတ်တော်သို့ ပြန်လည်အကြောင်း ပြန်ခြင်းများပြုလုပ်ရန် တောင်းဆို ထားကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြည်သူများ၏ တိုင်ကြားစာ များကို လက်ခံသော အမျိုးသား လွှတ်တော် ပြည်သူတို့၏ တိုင် ကြားစာဆိုင်ရာ ကော်မတီအနေ ဖြင့် အမှုအခင်း (တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်ရဲစခန်း)တိုင် ကြားစာ၊ ဌာနဆိုင်ရာ တိုင်ကြား စာနှင့် အထွေထွေတိုင်ကြားစာဟူ ၍ သုံးမျိုးခွဲခြားထားရာ အမှုအ ခင်းမှာ အများဆုံးဖြစ်ပြီး ၂,၀၀၀ ခန့်ရှိကြောင်း ယင်းကော်မတီ အဖွဲ့ဝင် ဦးဌေးဦးက ပြောသည်။
‘‘အမှုအခင်းပေါ့။ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းတို့နဲ့ပတ်သက် တဲ့ တိုင်ကြားစာကတော့ အများ ဆုံးပဲ။ အရေအတွက်အားဖြင့် ၂,၀၀၀ လောက် အနည်းဆုံးရှိ မယ်။ ခန့်မှန်းတာပေါ့။ တိုင်စာသုံး မျိုးခွဲထားတဲ့အထဲမှာ တရားစီရင် ရေးနဲ့ပတ်သက်တဲ့ တိုင်စာက ၅၀ ရာခိုင်နှုန်းလောက်ရှိတာပေါ့’’ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ ပြည်သူ များ၏ တိုင်ကြားစာများနှင့်ပတ် သက်၍ သက်ဆိုင်ရာဌာနများက ၎င်းတို့၏ ဆောင်ရွက်ဖြေရှင်းချက် များကို လွှတ်တော်သို့ ပြန်လည် အကြောင်းပြန်ခြင်းမရှိသေးပေ။ အဆိုပါတိုင်ကြားစာများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန များတွင် အဆင့်ဆင့်စုံစမ်းစစ် ဆေးခြင်း၊ အစီရင်ခံခြင်းများ ပြု လုပ်ရသောကြောင့် အချိန်ယူရ ခြင်း၊ နှောင့်နှေးကြန့်ကြာခြင်း စ သည့်အခက်အခဲများနှင့်တွေ့ကြုံ ရကြောင်း ဦးဌေးဦးကပြောသည်။
ပြည်သူများအနေဖြင့် အ ထက်ပါကော်မတီသို့ တိုင်ကြားမှု ပြုလုပ်နိုင်ခြင်းသာမက နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် (www.president-office.gov.mm) သို့လည်းကောင်း၊ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝက်ဘ်ဆိုက် (www.statecounsellor.gov.mm) သို့လည်းကောင်း တိုင်ကြား နိုင်ကြောင်း သတင်းထုတ်ပြန်ထား သည်။ အစိုးရသစ်လက်ထက် အ ထက်ပါဝက်ဘ်ဆိုက်နှစ်ခုက တိုင် ကြားနိုင်ကြောင်း ထုတ်ပြန်ထား သော်လည်း တိုင်ကြားစာအရေ အတွက်ကိုမူ ထုတ်ပြန်ကြေညာ ခြင်းမရှိသေးပေ။
Credit : 7day daily