BEC-TERO TV

တရားဝင် ခွင့်ပြုလိုက်ပါက ဆေးခြောက်သည် အန္တရာယ်မရှိဟု လူငယ်များ ယူဆနိုင်

30 Dec 2016     1,416 Views


အပန်းဖြေ ဆေးခြောက်သုံးစွဲခြင်းကို တရားဝင်ခွင့်ပြု လိုက်သော ပြည်နယ်များသည် ဆေးခြောက်က အန္တရာယ်ကင်း သည်ဟု ဆယ်ကျော်သက်များအား သတင်းစကား ပါးနေခြင်းဖြစ်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ ၀ါရှင်တန်နှင့် ကော်လိုရာဒိုပြည်နယ်တို့တွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုပြီး နောက်ပိုင်း ယင်းပြည်နယ်မှ ဆယ်ကျော် သက်များသည် ဆေးခြောက်ကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည် ဟု ယူဆမှုနည်းလာကြောင်း သုတေသီများက ဖော်ပြသည်။ ဆေးခြောက်ကို တရားဝင် ခွင့်ပြုပြီးနောက် ၀ါရှင်တန်ပြည်နယ် ၌ ရှစ်တန်းနှင့် ဆယ်တန်းကျောင်းသားများကြား ဆေးခြောက်သုံး စွဲမှု မြင့်တက်လာခဲ့သည်။

‘‘တရားဝင်ခွင့်ပြုလိုက်တာနဲ့အတူ ဆေးခြောက်အပေါ် မကောင်း မြင်တာ နည်းလာပြီး ဆယ်ကျော်သက်တွေ သုံးစွဲနိုင်ခြေပိုများလာ ခဲ့ပါတယ်’’ ဟု ကယ်လီဖိုးနီးယားတက္ကသိုလ် ကူးစက်ရောဂါ ပညာ ရှင်နှင့် သုတေသနဦးဆောင်သူ မက်ဒါလီနာဆာဒါက ပြောသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၂ က ၀ါရှင်တန်နှင့် ကော်လိုရာဒို ပြည်နယ်များ၌ ဆေးခြောက်ကို ပထမဆုံး တရားဝင်သုံးစွဲခွင့် ပြုခဲ့ ပြီး ယင်းနောက်ပိုင်း နောက်ထပ်ပြည်နယ်ခြောက်ခုတွင်လည်း တရားဝင် သုံးစွဲခွင့် ပြုခဲ့သည်။ ကော်လိုရာဒိုနှင့် ၀ါရှင်တန်ပြည်နယ် လေ့လာမှုတွင် ကျောင်း သားပေါင်း ၂၅၄,၀၀၀ ဦးခန့် ပါဝင်ပြီး ၀ါရှင်တန်ပြည်နယ်၌ ဆေး ခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်ပြီးနောက် ဆေးခြောက်သည် ကျန်းမာရေးထိခိုက်သည်ဟူသော အယူအဆမယုံကြည်သူ ရှစ်တန်း ကျောင်းသား ၁၄ ရာခိုင်နှုန်း တိုးလာကာ ဆယ်တန်းကျောင်း သားများကြား၌ ယင်းသို့ ယူဆသူ ၁၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၀ါရှင်တန်လောက် မများသော်လည်း ကော်လိုရာဒိုပြည်နယ် တွင်လည်း ယင်းသို့ ယူဆသူ ကျောင်းသားအရေအတွက် ရာခိုင်နှုန်း ပိုများလာကြောင်း JAMA Pediatrics ဂျာနယ်၌ သုတေသီများက ဖော်ပြခဲ့သည်။

Credit : 7daydaily


30 Dec 2016     1,416 Views




RELATED

Most Popular of International News

Most Popular of NEWS