BEC-TERO TV

တစ်ဘဝလုံး ပလပ်စတစ်ဇလားထဲနေထိုင်ခဲ့ရသူ အမျိုးသမီးငယ် သေဆုံး

28 Dec 2016     1,628 Views


ဘဝတစ်လျှောက်လုံး ပလပ်စတစ်ဇလား တစ်လုံးထဲမှာ နေထိုင်ရင်း လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူ “ရာမန်ဟာရူနာ” တစ်ယောက် သူမအသက် ၁၉ နှစ်အရွယ် ခရစ္စမတ်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
 
 
ရာမန်ဟာ နီဂါရာနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကာနိုမြို့လေးက ဖြစ်ပါတယ်။ သူမဟာ အသက် ၆ လသမီးအရွယ်မှာ ရှင်းပြရခက်တဲ့ အခြေနေမျိုးနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့သူတစ်ဦး ဖြစ်ခဲ့ရပါတယ်။ ၆ လသမီးအရွယ်မှာ ထိုင်ဖို့ ကြိုးစားသင်ယူနေပေမယ့် လေးဘက်ထောက်သွားဖို့တော့ အခွင့်အရေးမရခဲ့ပါဘူး။ သူမရဲ့ ခန္ဓာကိုယ်ဟာ သာမန်အတိုင်းကြီးထွားလာခြင်းမရှိပါဘူး။
 
 
သူမဟာ ပလပ်စတစ်ဇလားထဲမှာ နေထိုင်ခဲ့ရပေမယ့် စီးပွားရေးသမားတစ်ဦး အလွန်ဖြစ်ချင်ခဲ့သူဖြစ်ပါတယ်။ ရွာထဲမှာ ကုန်စုံဆိုင်လေး တစ်ဆိုင်ဖွင့်နိုင်ချင်တာ သူမရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ ခရစ္စမတ်နေ့မှာတော့ ဖျားရာကနေ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူမ၏မိဘနှစ်ပါးနှင့်အတူ အသက် ၁၀ နှစ်အရွယ် မောင်လေးကျန်ရစ်ခဲ့ပါတယ်။
 
Ref:TheSun
 

28 Dec 2016     1,628 Views




RELATED

Most Popular of Special or Others

Most Popular of NEWS