BEC-TERO TV

မျက်နှာပေါ်က တင်းတိတ်အမဲကွက်တွေ အမြန်ကင်းစင်စေမည့် အလွယ်ဆုံးနည်း

28 Dec 2016     1,898 Views


မျက်နှာပေါ်မှာ ကိုယ့်ရဲ့ အလှအပကို အနှောက်အယှက် ဖြစ်စေတာကတော့ တင်းတိတ် အမဲကွက်လေးတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်၊ ကိုယ်ဝန်ဆောင်နေစဉ်နှင့် အသက်အရွယ်ကြောင့်လဲ တင်းတိတ်ဟာ အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။ 
 
အမျိုးသမီးရော အမျိုးသားတွေမှာပါ  ဖြစ်တတ်ပြီး အသားအရေရဲ့ အပြင်ကနေဖြစ်တဲ့ တင်းတိတ်နဲ့ အတွင်းကဖြစ်တဲ့ တင်းတိတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ဘက်က ဖြစ်တာကတော့ အများအားဖြင့် ပူပြင်းတဲ့ နေရာင်ခြည်ဒဏ်ခံရခြင်း၊ ဓာတုဗေဒအခိုးအငွေတွေနဲ့ အမြဲထိစပ်နေရခြင်း၊ အသက်အရွယ်ရလာခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ အတွင်းဘက် တင်းတိတ်ကတော့ မွေးရာပါလို့ပဲ ဆိုရပါမယ်။ အသားအရေ ညိုတဲ့သူတွေမှာ ဖြစ်တတ်တာများပါတယ်။
 
တင်းတိတ်အမဲကွက်တွေ အမြန်ပျောက်ကင်းအောင် သဘာဝအတိုင်း အကောင်းဆုံးကုသနည်းကတော့ မထင်ထားလောက်အောင်ကို လွယ်ကူပါတယ်။
 
>>လိုသောပစ္စည်းများ<<
 
၁။ နနွင်းမှုန့် ၂။ လီမွန်သီး(အဝါရောင်) တို့ပဲဖြစ်ပါတယ်။
 
 
>>ကုသနည်း<<
 
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း နှင့် ညှစ်ထားသော လီမွန်သီးအရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်းတို့ကို ခွက်သန့်သန့်ထဲတွင် သမအောင် ရောမွှေပါ။
 
 
- တင်းတိတ်ရှိသောနေရာကို ဝါဂွမ်းအသုံးပြု၍ လိမ်းကျံပါ။
 
 
- ၁၅ မိနစ်ခန့် ခြောက်အောင်ထားပြီး နောက်ဆုံးမှာ ရေအေးနှင့် ဆေးပစ်ပါ။
 
အထက်ပါအတိုင်း ပြုလုပ်ပြီးနောက် နေပူပြင်းပြင်းထဲသို့ အဆောင်းအကာ မပါပဲနှင့် ချက်ခြင်းသွားတာမျိုးကို ရှောင်ကျဉ်ပါ။  တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ခန့် ရေချိုးခါနီးတွင် ပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်။ လီမွန်အရည်က အသားအရည်ပေါ်က အညစ်အမဲတွေကို ဖယ်ရှားစေပြီး နနွင်းကတော့ အသားအရေကို ပိုမိုညီညွတ်ဖျော့တော့အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် ယင်းတို့နှစ်ခုကို သမအောင် ရောစပ် အသုံးပြုရခြင်းဖြစ်သည်။
 
အကယ်၍ အသားအရေ နူးညံ့လွန်းပြီး အထိခိုက်မခံနိုင်သော အသားအရေ (sensitive skin) ဖြစ်ခဲ့ပါက လီမွန်အရည်ထဲကို ရေအနည်းငယ် (သို့) နွားနို့အနည်းငယ် ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ တစ်ပတ် နှစ်ပတ်အတွင်း ထူးခြားမှုကို ကိုယ်တိုင်တွေ့မြင်ရပါလိမ့်မည်။
 
 

28 Dec 2016     1,898 Views




RELATED

Most Popular of Health Fix

Most Popular of Life Style