BEC-TERO TV

နံမည်ကြီးတံဆိပ် လက်ကိုင်အိပ် အတုများ အွန်လိုင်းမှ ရောင်းချသည့် ထိုင်းနိုင်ငံသူ

27 Dec 2016     1,375 Views


အမေရိကန်ပြည်ထောင်စု Virginia, ဗာဂျီးနီးယား ပြည်နယ် တရာရုံးက ထိုင်းနိုင်ငံသူ Praepitcha Smatsorabudh, 41, ပရေပစ်ချာ အသက် (၄၁) ကို အမျိုးသမီး အသုံးဆောင် လက်ကိုင်အိပ်အတုတွေ ရောင်းချမှုနဲ့  လပေါင်း ၃၀ ထောင်ဒဏ်ကျခံဘို့  အမိန့် ချခဲ့ပါတယ်။

သူမ လိမ်ရောင်းခဲ့တာ ၀ယ်ခဲ့မိသူတွေအတွက်နစ်နာကြေး အဖြစ် ဒေါ်လာ လေးသိန်းကျော် US$403,250.81,ထိုင်းဘတ်ငွေ ၁၄သန်းကျော်ကို လည်း ပေးဆောင်ရမှာဖြစ်ပါတယ်။တရားခံဖြစ်သူဟာ လက်ကိုင်အိပ် အတုတွေကို ဟောင်ကောင်နဲ့ တရုတ်ကနေမှာယူခဲ့ပြီး အမေရိကန် ပြည်နယ် ၁၂ ခုက က ကုန်တိုက် (၆၀)ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

တရားခံဟာ ပညာရေး ဗီဇာနဲ့  အမေရိကန်နိုင်ငံထဲမှာ လျာေရာက်နေထိုင်နေ တာကို အမေရိကန်ရဲက ၂၀၁၆ ဇွန်လမှာ ဖမ်းဆီးစစ်ဆေးနေခဲ့တာဖြစ်ပါတယ်။

Credit : thithtoolwin


27 Dec 2016     1,375 Views




RELATED

Most Popular of Special or Others

Most Popular of NEWS