အလဲဗင်းမီဒီယာဂရုမှ “ရွေးကောက်ပွဲတစ်နှစ်ကြာသော်” ဆောင်းပါးအတွက် ပြန်လည်တောင်းပန်
27 Dec 2016 1,453 Views

“ရွေးကောက်ပွဲတစ်နှစ်ကြာသော်” ဆောင်းပါးနှင့် ပက်သက်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ (ယနေ့ထုတ်) DailyEleven စာစောင်တွင် အနူးညွတ် တောင်းပန်ခြင်း ကြေညာကို ထည့်သွင်းဖော် ထုတ်ဝေခဲ့သည်။ တောင်းပန်းချက် အပြည့်အစုံမှာ-
အနူးအညွတ် တောင်းပန်ခြင်းThe Daily Eleven သတင်းစာတွင် ဖော်ပြပါရှိခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ကို Eleven Meata Group နှင့် Eleven Media Group ၏ CEO မှ ANN (အာရှသတင်းကွန်ရက်) အဖွဲ့ဝင် သတင်းဌာနများ၊ TheDaily Eleven သတင်းစာနှင့် Facebook စာမျက်နှာတို့တွင် ရေးသားဖော်ပြမိခဲ့ပါသည်။Eleven Media Group သည် အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံမှမီဒီယာ ၂၂ခုဖြင့် ဖွဲ့စည်းထားသော ANN(အာရှသတင်းကွန်ရက်)၏ အဖွဲ့ဝင်မီဒီယာများမှ အလှည့်ကျရေးသားရသော ကမ္ဘာ့ရေးရာကဏ္ဍအတွက် “ရွေးကောက်ပွဲတစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ကို ပေးပို့ခဲ့ရာ ANN အဖွဲ့ဝင်ဖြစ်သည့် စင်ကာပူနိုင်ငံထုတ် The Straits Time သတင်းစာမှ နိုဝင်ဘာ ၅ ရက်တွင် (Myanmar: A year after the Nov 8 Polls) ခေါင်းစဉ်ဖြင့် ဖော်ပြရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကိုပါ တွဲဖက်အသုံးပြု ဖော်ပြပါရှိခဲ့ခြင်းကြောင့် အဓိပ္ပာယ်ကောက်ယူရာတွင် လွဲမှားမှုဖြစ်ပေါ်စေနိုင်သည့်အတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ထို့အပြင် ယင်း အယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့် အချက်အလက်အချို့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားသော လွဲမှားသည့်အချက်အလက်များ ဖြစ်နေခြင်းအတွက်လည်း များစွာစိတ်မကောင်း ဖြစ်ရပါသည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ မှားယွင်းရေးသားဖော်ပြခဲ့သည့်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် အဆိုပါ ရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုဖြစ်စေခဲ့သူအားလုံးကို Eleven Media Group & CEO & Eleven Media Group တာဝန်ရှိသူများအနေဖြင့် နောက်နောင်တွင် ဤကဲ့သို့ မလုပ်ဆောင်ပါဟု ဝန်ခံချက်နှင့်အတူ အနူးအညွတ်ဝန်ချတောင်းပန် အပ်ပါသည်။
ဟူ၍ ဖြစ်သည်။
