BEC-TERO TV

စီးပွားရေးဆိုတာ စောစောလုပ်လေ ကောင်းလေပါပဲလို့ ပြောလာတဲ့ လင်းဇာနည်ဇော်

27 Dec 2016     1,476 Views


လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း က ၁လပိုင်း ၂၄ ရက်နေ့က Lynn Fashion Place ဆိုတဲ့နာမည်နဲ့ ဖက်ရှင်ဆိုင်လေးဖွင့်ထားပါတယ်။ အနုပညာအလုပ်ဆိုတာက ရေရှည်မတည်မြဲတဲ့အလုပ်၊ လူငယ်ပိုင်းမဟုတ်တော့ပဲ လူကြီးပိုင်းလဲ ဖြစ်လာတဲ့ အတွက် အနုပညာအလုပ်တစ်ခုတည်းနဲ့ မရတော့ဘူး။ အနုပညာကိုဝါသနာအရပဲ လုပ်ရတော့မယ် ၀မ်းစာအတွက်က အပြင်စီးပွားရေးတစ်ခုခု လုပ်သင့်တယ်လို့ စိတ်ထဲမှာ သဘောပေါက်လာတယ်။

အပြင်စီးပွားရေးကျပြန်တော့လည်း တစ်မျိုးလုံးက အနုပညာမျိုးရိုးဖြစ်နေတော့ ကျန်တဲ့စီးပွားရေးဆိုရင် လုံးဝကိုနားမလည်ဘူး။ ဒီစီးပွားရေးလောကထဲကို ပထမဆုံးခြေလှမ်း စပြီး ဝင်ကြည့်ချင်တာရယ်၊ ပစ္စည်းဝယ်တာဆိုရင်လည်း အနုပညာသမားတွေနဲ့ အနီးစပ်ဆုံး၊ ကိုယ့်ကိုယ်ကိုယ်လည်း လှအောင်ပြင်သလို၊ လာဝယ်တဲ့ Customer တွေကိုလည်း လှလှပပ မြင်နေရရင် စိတ်ချမ်းသာတဲ့အတွက် ဒီသေးတဲ့အလုပ်လေးနဲ့ စပြီး ပထမဆုံးခြေလှမ်းအနေနဲ့ စခဲ့တာပါ။

ဆိုင်ဖွင့်ဖို့ Idea ရသွားတာက သမီးလေးက သြစတြေးလျမှာ ကျောင်းတက်နေတာဆိုတော့ သူနဲ့ ၃လ သြစတြေးလျမှာ လိုက်နေရင်းကနေ ပစ္စည်းတွေဝယ်ရင်းက လက်လွန်သွားတယ်။ အဲဒီမှာ စဉ်းစားမိတာ ကိုယ်ပြန်တဲ့အခါ ဒီလိုမျိုးဆိုင်လေးဖွင့်ရင် ကောင်းမှာပဲဆိုပြီး ချက်ချင်းကောက်ဖွင့်ပစ်လိုက်တာလဲ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ ဒီဖက်ရှင်ဆိုင် တစ်ဆိုင်လေးနဲ့ ကြိုးစားကြည့်နေတယ်။ အခုဆိုရင် လူတော်တော်များများကလည်း မျက်စိပွင့်၊ နားပွင့်နေတာဆိုတော့ တော်တော်တော့ ကြိုးစားရတယ်။ ဆိုင်ခွဲလေးတွေ ထပ်ဖွင့်ဖို့ရှိပါတယ် ။ ဒီဆိုင်ရဲ့ Facebook Page ကို သမီးရောက်တုန်း Lynn Fashion Place ဆိုပြီး ဖွင့်ပေးသွားတယ်။

ကိုယ့်ရဲ့ Facebook account ကနေလည်း သူငယ်ချင်းတွေ၊ အနုပညာအသိုင်း အ၀ိုင်းကသူတွေ လာအားပေးရင် တင်ပေးတော့ Customer တွေ ရောက်လာကြတယ်။ ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ သူတွေကို အကြံပေးတယ် ချင်တာ ကတော့ စီးပွားရေးအလုပ်ဆိုတာ အသက်ငယ်တယ်၊ ကြီးတယ်မဆိုင်ဘူး။ စောစောခြေလှမ်းလှမ်းပြီး စောစောစလုပ်မယ်ဆိုရင် စောစောအောင်မြင်ပါတယ်။ မြန်မြန်လုပ်လေ ကောင်းလေပဲ လို့ ပြောသွားခဲ့ ပါတယ်။

Credit:moda magazine 


27 Dec 2016     1,476 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment