၂၀၁၆ မှာ အဆိုးတွေ ထက် အကောင်းပိုသာပါတယ်လို့ ပြောလာတဲ့ နီနီခင်ဇော်
26 Dec 2016 1,346 Views
၂၀၁၆ နှစ်လည်ပိုင်းလောက်မှာ သတင်းဆိုးတွေ တိုက်ခိုက်မှုတွေ ကြုံခဲ့ ရတဲ့ နီနီတစ်ယောက် ဒီနှစ်ပိုင်းမှာ သူမ ဖြတ်သန်းခဲ့ ရတာတွေကို ပြန်လည်သုံးသပ်လိုက်ပါတယ် ။‘‘နီနီ့အတွက်တော့ အတွေ့ အကြုံတွေ အများကြီးရတယ်။ ဘဝရဲ့ Turning Point နောက် ထပ်တစ်ခုပေါ့။ ဘဝမှာ လုပ်ချင် တဲ့ အိပ်မက်တွေကိုလည်း ပျော် ရွှင်စွာ အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။ သို့ပေမဲ့လည်း မထင် မှတ်ထားတဲ့ အရာတွေလည်းဖြစ် တယ်။ ဘဝမှာ ကောင်းကျိုးဆိုး ကျိုး ဒွန်တွဲနေတဲ့ နှစ်ပေါ့။ ဒါပေမဲ့ အကောင်းဘက်ကို ပိုပြီးအားသာ လိုက်တယ်လို့ ထင်ပါတယ်’’ လို့ ပြော သွားခဲ့ ပါတယ်။
တစ်ကိုယ်တော်ဖျော်ဖြေ ပွဲကို ၂၀၁၇ နှစ်ဆန်းတွင် ပြုလုပ် ရန် စီစဉ်ထားသော်လည်း ခါးနာနေ၍ ဧပြီ ၁ ရက်သို့ ရွှေ့ပြောင်းလိုက်ပါတယ်။ အကတိုက်ရင်း ခါးပြန်နာသွားတဲ့ အတွက် တနေ့ကို အများကြီး တိုက်လို့ မရတော့ပဲ တစ်ရက် တစ်ပုဒ်လောက်ပဲ တိုက်လို့ ရတော့ တဲ့ အတွက်ကြောင့် ရွှေ့လိုက်တာ လဲ ဖြစ်ပါတယ် ။ ပြည် သူ့ရင်ပြင်မှာ ပြုလုပ်မှာ ဖြစ်ပြီး သီချင်း ၂၅ ပုဒ်လောက် သီဆိုမျာ ဖြစ်ပြီး အကအဖွဲ့များနှင့် တင်ဆက်မှုများ ၊ သံစုံတီးဝိုင်းနှင့် ဖျော်ဖြေမည့်အစီ အစဉ်များလည်း ပါဝင်မယ်လို့ ပြောထားပါတယ် ။
တစ်ကိုယ်တော် အခွေထွက်ဖို့ စီစဉ်ရှိပေမယ့် လတ်တလော ဖျော်ဖြေပွဲကြောင့် မထွက်နိုင်သေးဘဲ single song အနေနှင့် ဖြန့်ဖို့ ရည်ရွယ်ထားပါတယ်။ အနုပညာ သတ်တန်း ၇နှစ်အတွင်းမှာ ၁၀ ခုမြောက်ဂီတ ဆု အနေနဲ့ Shwe FM ကချီးမြှင့် တဲ့ သီချင်းအတောင်းခံရဆုံးတေးသံရှင် ဆုကို လဲ ရရှိထားပါတယ်။
၂၀၁၇ မှာ Super Red အခြား ပစ္စည်းတွေကို ထုတ်လုပ်ဖို့ အစီစဥ်ရှိညပီး နှုတ်ခမ်းနီ က တော့ ဒုတိယ အသုတ် ထုတ်လုပ်တဲ့ ပစ္စည်းတောင် ရောင်းမလောက်အောင် ပစ္စည်းများ ကုန်သွားခဲ့ တယ် လို့ သိရပါတယ်။ ခရစ်စမက်နေ့မှာတော့ မုံရွာမှာ သီချင်းဆိုရင်း ဖြတ်သန်း ခဲ့ ပါတယ်။
Credit:7Day daily