မောင်နှမချင်းရန်ဖြစ်မှ ၉ နှစ်သမီးငယ် မုဒိန်းကျင့်ခံရကြောင်း မိဘများသိရှိ
26 Dec 2016 2,200 Views

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် အသက် (၉)နှစ်သမီးအရွယ် ကလေးငယ်အား အသက် (၆၂)နှစ်အရွယ်ရှိသူ အိမ်နီးနားခြင်း အမျိုးသားတစ်ဦးမှ အကြိမ်ကြိမ်မုဒိန်းပြုကျင့်ကြောင်းကို မောင်နှမချင်း ရန်ဖြစ်မှသာ မိဘများသိရှိခဲ့ရမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မခင်မာသင်း၏ သမီးဖြစ်သူ အသက်(၉)နှစ်အရွယ် မိန်းကလေးကို အိမ်ချင်းကပ်လျှက်နေထိုင်သော အသက်(၆၂)နှစ်အရွယ် အမျိုးသားတစ်ဦးက မုန့်ဖိုးပေးကာ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ တစ်ကြိမ်သားမယားပြုကျင့်ပြီးလျှင် ကလေးမလေးအား မုန်းဖိုးတစ်ရာကျပ်ပေးခဲ့သည်။ အဆိုပါအဖြစ်အပျက်ကို မောင်လေးဖြစ်သူက တွေ့ရှိသွားပြီး တစ်နေ့တွင် မောင်နှမ နှစ်ယောက် ရန်ဖြစ်ကြရာမှ နင့်ကို ဦးသက်ပြင်းကြီး လုပ်တာတွေ အမေ့ကိုတိုင်မယ်ဟု ပြောသည်ကို ဖခင်ဖြစ်သူက ကြားသိခဲ့ပြီး မေးမြန်းစစ်ဆေးရာမှ သမီးငယ် သားမယားပြုကျင့်ခြင်း ခံခဲ့ရကြောင်း မိဘများက သိရှိခဲ့ရသည်။ သမီးငယ်အတွက် ဝမ်းနည်းကြေကွဲခဲ့ပြီး ဖခင်ဖြစ်သူမှာ တစ်ပတ်အတွင်း ဆုံးပါးသွားခဲ့သည်။
တရားခံ ဦးသက်ပြင်းတိုဘက်မှ ငွေကျပ် ၁၀ သိန်းနှင့် ကျေအေးရန် လာရောက်ညှိနှိုင်းခဲ့သည်ကို လက်မခံပဲ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။ အမှုကို ပုဒ်မ ၃၇၆/၅၁၁ နှင့် ဆားလင်းကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးလျှက်ရှိပြီး အမြင့်ဆုံး အပြစ်ဒဏ် ထောင်ဒဏ်(၇)သာ ကျခံရမည့်အပေါ် ကျေနပ်မှုမရှိသည့်အတွက် ခရိုင်တရားရုံးသို့ ပြောင်းရွေ့စစ်ဆေး ပြစ်ဒဏ်ချမှတ်စေရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရသည်။
Source:Zaw Thurain Htun