ခရစ်စမတ် သစ်ပင်နဲ့ တူတဲ့ ဝတ်စုံကြီးနဲ့ BEYONCe
23 Dec 2016 1,396 Views
ဖက်ရှင်ဘုရင်မ Beyonce ကတော့ အဆန်းတွေ ၀တ်ပြန်ပါပြီ ။ ခရစ်စမတ်ဆွယ်တာကြီးနဲ့ အဆန်းကြီး ၀တ်ဆင်ထားပါတယ် ။ တမင်ကိုယ်တိုင်ဖန်တီးထားတာလားလို့တောင် ထင်ရတဲ့ ကြည့်ရဆိုးတဲ့ ခရစ်စမတ် သိုးမွှေးအင်္ကျီကို ဝတ်ထားပါတယ်။
ပြောင်ပြောင်လက်လက်တွေ၊ ခရစ်စမတ်အသုံးအဆောင်တွေရော၊ စုံစုံလင်လင် အင်္ကျီပေါ်မှာအလှဆင်ထားပါတယ်။ ခရစ်စမတ်သစ်ပင်နေကာမျက်မှန်နဲ့ SANTA ဦးထုပ်ပါဆောင်းထား သေးပါတယ်။ ရုံးပါတီအတွက် ဝတ်တာဖြစ်ပြီး နှစ်သက်အားရစရာပါပဲ။
အိမ်မှာထွင်ထားတဲ့ ဒီဇိုင်းပုံစံပေါက်ပြီး Blue Ivy ဆီက အကူအညီနည်းနည်းပါးပါးရယူထားတယ်ထင်ပါတယ်။ ပုံဆိုးခရစ်စမတ်ဆွယ်တာပါတီမျိုးတော့ မဟုတ်လောက်ပါဘူး ။ တခြားလူတွေက Santa ဦးထုပ်လောက်ပဲ ဝတ်တာတွေ့ရသလို Jay Z ရဲ့ဓာတ်ပုံမှာလည်း ပုံမှန်ဝတ်စားပြီး လာတာကိုတွေ့ရပါတယ် ။
Credit:moda magazine