ကားဈေးကွက် ပါမစ်လျှောက်ထားမှု ရပ်ဆိုင်း၊ ပါမစ်ဈေး အမြင့်ဆုံးရောက်ရှိ
23 Dec 2016 1,357 Views

ဒီဇင်ဘာ ၂၀ ရက် သည်ကနေ့ကစပြီး တစ်ဦးချင်း တင်သွင်းတဲ့ ကားပါမစ်လျှောက်ထားတာတွေ လက်မခံတော့တဲ့အတွက် ပါမစ်ဈေးနှုန်းတွေက အမြင့်ဆုံး ကျပ်သိန်း ၃၀ အထိ မြင့်တက်လာပါတယ်။ ‘အရင်ကတော့ လေလံအရင် ဆွဲပြီးမှ ပါမစ်လျှောက်တာ များတယ်၊ အခုတော့ ပါမစ်ကို အရင် သေချာအောင် လိုက်ဝယ်ပြီးမှ လေလံဆွဲတာ အဆင်ပြေတယ်၊ အချိန်ကလဲ သိပ်မကျန်တော့ ပါမစ်လဲ လျှောက်လို့ မရတော့ဘူး ဆိုတော့ ထွက်ပြီးသားပါမစ်ကို ၂၅ သိန်း၊ သိန်း ၃၀ ပေးဝယ်ရတာပဲ”လို့ ကားတင်သွင်း ရောင်းချသူ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။
ကားဈေးနှုန်း မငြိမ်သက်
လာမယ့်နှစ်မှာ ၂၀၁၅ မော် ဒယ်ကနေ ၂၀၁၇ မော်ဒယ်အထိ ဖရီးပါမစ်ကားတွေကို ဘယ်မောင်းသာ တင်သွင်းခွင့်ရှိတာကြောင့် ၂၀၁၅ မော်ဒယ်အောက် ပွိုင့်သရီး ကားတွေ အပြိုင်အဆိုင် သွင်းဖို့ ပါမစ်လျှောက်ထားတာတွေ များ နေ တာပါ။ လေလံကိုလည်း စုပြုံ ဆွဲနေတာကြောင့် လေလံဈေးက ပုံမှန်ထက် ယန်း တစ်သိန်းကျော် လောက် မြင့်တက်သွားပါတယ်။ ဒါကြောင့် အခုတင်သွင်းမယ့် ကား တွေက ကျပ်သိန်း ၃၀ နဲ့ အထက် ဈေးမြင့်တက်လာနိုင်ပါတယ်။ ဒါ ကြောင့် တင်သွင်းထားပြီးသား ကားတွေရဲ့ ဈေးနှုန်းတွေပါ လိုက်မြင့်တက်လာနေပါတယ်။ ကား ဈေးနှုန်းတွေက မတည်ငြိမ်ဘဲ ခေါ် ဈေးအမျိုးမျိုးနဲ့ မြှင့်တင်ရောင်းချ နေကြတာ ဖြစ်တယ်။
အရောင်းပိတ်ထားသူတွေရှိ
လာမယ့်နှစ်မှာ ကားဈေးနှုန်း တွေက ဘယ်လောက်အထိ မြင့် တက်မလဲဆိုတာ ခန့်မှန်းလို့ ခက်ခဲ နေတယ်။ ရောင်းလိုက်တဲ့ ကားကို အဲသည် ဈေးနဲ့ ပြန်တင်သွင်းလို့ မရနိုင်တာကြောင့် နောက်နှစ် ရောင်းဖို့အတွက် စုဆောင်းထား ရှိပြီး အရောင်းပိတ်ထားသူတွေလည်း ရှိနေပါတယ်။ လက်ရှိမှာ ဈေးနှုန်းမြင့်တက်နေတဲ့ ကားသစ်တွေအရောင်း အဝယ် ပါးနေပြီး နံပါတ်နိမ့် ကားဟောင်းတွေသာ ပိုအရောင်းအဝယ်ဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် ကားဟောင်းတွေက ပိုအရောင်းသွက်တယ်။ ကျပ်သိန်း ၁၀ဝ နဲ့ သိန်း ၁၅၀ ဝန်းကျင်ကားတွေ အရောင်းရဆုံး ဖြစ်တယ်။ ခုရက်ပိုင်းမှာ တက္ကစီတွေ အဝယ်လိုက်ပါ တယ်။
စလစ်ဈေး
ဖရီးပါမစ်ကားတွေ အရောင်းသွက်နေပြီး စလစ်ကပ်ကားက တော့ ပုံမှန်လောက်ပဲ အရောင်းအ ဝယ် ရှိတယ်။ တိုယိုတာဝှစ်ရှ်ကို အ ဝယ်များပါတယ်။ ဖရီးပါမစ်ကားတွေ တင်သွင်းဖို့ ပါမစ်လျှောက်တဲ့ဆီ အာရုံ ရောက် နေကြတာဖြစ်လို့ စလစ်ဈေးက ငြိမ်သက်နေပါတယ်။ စက် မှု ဇုန်ထုတ် စလစ်အပ်ကားတွေ သက်တမ်းလျှော့ အပ်နှံခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေ သလို ကွန်ဆိုင်းမန့် ကားတွေ သက်တမ်း ခြောက်လတိုးပေးထား တဲ့အတွက် စလစ်ဈေး အနည်း ငယ် ကျဆင်းပြီး ဈေးငြိမ်နေပါ တယ်။ လက်ရှိမှာ သက်တမ်းနှစ် ၂၀ စလစ်အပ်ကားရဲ့ ဈေးနှုန်းက ကျပ် ၁၀၈ သိန်းရှိပြီး အမည်ပေါက် စလစ်တစ်စောင်ရဲ့ ဈေးနှုန်းက ကျပ် ၁၁၇ သိန်းဝန်းကျင်ရှိပါတယ်။
Credit : kumudranews