BEC-TERO TV

ဝက်အူချောင်း အကြော်ကောင်းလို့ စားသုံးဆီပွဲရုံမီးလောင်ဆုံးရှုံး

22 Dec 2016     1,382 Views


မကွေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်း(၉)လမ်းနှင့် ယုဇနလမ်းထောင့်ရှိ ရတနာစိုးပွဲရုံတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
 
ဖြစ်စဉ်မှာ ပိုင်ရှင် ဦးမိုးကျော်(၄၅)နှစ်၏ စားသုံးဆီသိုလှောင်ရုံဖြစ်သည့် ရတနာစိုးပွဲရုံ မန်နေဂျာ ဦးရန်နိုင်စိုး အသက်(၃၅)နှစ်သည် လျှပ်စစ်မီးဖိုဖြင့် ဝက်အူချောင်းကြော်ထားပြီး အိပ်ပျော်သွားရာမှ ဆီအပူလွန်ကဲပြီး အနီးနားရှိ စားဆီပုံးများသို့ ကူးစက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
 
မီးလောင်ရာနေရာသို့ မကွေးတိုင်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၁၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ဆည်မြောင်း ရေသယ်ယာဉ် (၁)စီးနှင့် ပုဂ္ဂလိကရေသယ်ယာဉ်(၁)စီး။ စုစုပေါင်းပေါင်း (၁၉)စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီခွဲအချိန်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်။
 
 
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိခဲ့သော်လည်း (၅၀x ၆၀)ပေ ဝန်းကျင် အဆောက်အဦ (၂)လုံးနှင့် (၁၅x၁၃) ပေ ဂိုဒေါင်(၁)လုံး စုစုပေါင်း အဆောက်အဦ (၃)လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရပြီး မီးလောင်မှုတွင် တာဝန်ရှိသူများအား အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
Ref:MOI
 

22 Dec 2016     1,382 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS