BEC-TERO TV

ရန်ကုန်တွင် မြေအောက်လမ်းဖောက်လုပ်ဖြေရှင်းရန်စဉ်းစားနေဟုဆောက်လုပ်ရေးဝန်ကြီးဆို

22 Dec 2016     1,428 Views


ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှု ကြီးမားစွာ ဖြစ်ပေါ်နေမှု ဖြေရှင်းနိုင်ရန်အတွက် မြေအောက်လမ်းများ ဖောက်လုပ်ရန် စဉ်းစားနေသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်သို့ မေးခွန်းလာရောက် ဖြေကြားအပြီးတွင် ၎င်းက သတင်းမီဒီယာအချို့ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။“ဘတ်ဂျက်ရရှိမှု အပေါ်မှာလည်း မူတည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ကားလမ်းပိတ်ဆို့မှုကို ဖြေရှင်းရန် များစွာ လုပ်ကိုင်ဆောင်ရွက်ရဦးမည် ဖြစ်သည့်အပြင် နိုင်ငံတော်မှ ချပေးသည့် ဘတ်ဂျက်ရရှိမှု အပေါ်တွင်လည်း မူတည်နေကြောင်း ဝန်ကြီးက ရှင်းပြသည်။ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပွားနေခြင်းကြောင့် ယခင်အစိုးရ လက်ထက်မှစ၍ ခုံးကျော်တံတားများကို ပြည်ပချေးငွေ၊ နိုင်ငံပိုင်ငွေ ကျပ်သန်းပေါင်းထောင်ချီ အကုန်အကျခံ ဆောက်လုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

“ကောင်းကင်လမ်းတွေ မြေအောက်လမ်းတွေ ဖောက်မယ်လို့ ဖြစ်ချင်တာတွေကို မပြောဘဲ ရန်ကုန်က ပျက်နေတဲ့ လမ်းကောင်းအောင် ပြင်တာတို့၊ မြို့ပတ်ရထားကို ဒီထက်ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်ပြီး အချိန်မှန်မှန်နဲ့ အစင်းရေတိုးပေးတာတို့ကို၊ မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းတွေ ရမ်းကားမှုကို ထိထိရောက်ရောက် အရေးယူပေးဖို့ စတဲ့ ဖြစ်သင့်တာတွေကို ဦးစားပေးပြီး အရင်လုပ်သင့်ပါတယ်” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော ကုမ္ပဏီဝန်ထမ်းတစ်ဦးက မှတ်ချက်ပေး ပြောကြားသည်။

Credit : thevoicemyanmar

ဓာတ်ပုံ . ပုံဖော်မှုမျှသာ


22 Dec 2016     1,428 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS