BEC-TERO TV

မြန်မာလုပ်သားများအား မကာအိုသို့ တရားဝင် စေလွှတ်ခွင့်ပေးမည်

22 Dec 2016     1,993 Views


မြန်မာ အလုပ်သမားများ အား မကာအိုသို့ စေလွှတ်မှုကို အ ကြောင်းကြောင်းကြောင့် ရပ်နား ထားခဲ့ရာမှ တရားမဝင် သွား ရောက်လုပ်ကိုင်နေကြသည့် အ ရေအတွက်များနေ၍ တရားဝင် သွားရောက်လုပ်ကိုင်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

‘‘Pilot Project (ရှေ့ပြေး စီမံချက်)အဖြစ်နဲ့ စပြီးစမ်းသပ်စေ လွှတ်ခွင့် အရင်ပေးသွားမယ်။ အဲ ဒါနဲ့ ပတ်သက်လို့ သတင်းစာကတစ်ဆင့် ကြေညာအကြောင်း ကြားသွားမယ်။ အေဂျင်စီတွေက ပို့မယ်ဆိုရင် သူတို့လိုက်နာရမယ့် ခံဝန်ကတိတွေ သေသေချာချာ သတ်မှတ်သွားမယ်။ အဲဒီခံဝန် ချက်တွေ လိုက်နာနိုင်မှ ပို့ခွင့်ရရှိ မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။

ယင်းဒေသသို့ ကနဦးအနေ ဖြင့် ဟိုတယ်လုပ်ငန်းကဏ္ဍ လုပ်သားများကိုသာ ပို့ဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။မကာအိုတွင် ရရှိသည့်လုပ် ခလစာသည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများ၌ ရရှိသည့် လစာနှုန်းထားထက် ပို၍မြင့်မား သကဲ့သို့ ခေါ်ယူလိုသည့် အလုပ် သမားအပေါ် အလုပ်ရှင်က သတ် မှတ်သည့် အရည်အချင်းများမှာ လည်း မြင့်မားကြောင်း ပြည်ပအ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် အချို့က ပြောကြားသည်။ထိုသို့ အရည်အချင်းသတ် မှတ်ချက် မြင့်မား၍အလုပ်ခေါ်ယူမှုရှိသော်လည်း စေ လွှတ်သည့် အလုပ်သမားရှားပါး နေသည်ဟု ၎င်းတို့က ဆိုသည်။ ‘‘အရင်ကလည်း မကာအိုကို အလုပ်သမားပို့ခွင့်ပေးထား တယ်။ သူက သတ်မှတ်ထားတဲ့ တရုတ်ဘာသာစကားကလည်း ကျွမ်းကျင်အဆင့်၊ အသားအရေ ဖြူရမယ်ဆိုတာမျိုးတွေလည်းရှိ တယ်။ 

အရည်အချင်းသတ်မှတ် ချက်တွေများတော့ လူရှာရခက် တယ်’’ ဟု မြန်မာနိုင်ငံ ပြည်ပအ လုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းထွန်းက ပြောသည်။ သို့သော် မြန်မာအစိုးရအနေ ဖြင့် လက်ရှိတွင် ပြည်ပသို့ အိမ် အကူလုပ်သားစေလွှတ်မှုကို ရပ် ဆိုင်းထားခြင်း၊ အိမ်အကူလုပ် ငန်းအတွက် အတတ်ပညာသင် တန်း မပေးအပ်နိုင်သေးခြင်းနှင့် အလုပ်သမား အခွင့်အရေးကို အနီးကပ်စောင့်ကြည့်ရန် လိုအပ် ချက်ရှိနေခြင်းများကြောင့် အခြားအရည်အချင်းမြင့် လုပ်ငန်းအမျိုး အစားမှ လုပ်သားများကိုသာ စေ လွှတ်ခွင့်ပေးနိုင်ဦးမည်ဟု အလုပ် သမားညွှန်ကြားမှုဦးစီးဌာနမှ အထက်ပါအကြီးတန်းအရာရှိက ဆိုသည်။

Credit : 7day daily


22 Dec 2016     1,993 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS