BEC-TERO TV

မြန်မာအလုပ်သမားများကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည့် တရားခံပြေး ဆရာဝန် မော်လမြိုင်တွင် ဖမ်းမိ

22 Dec 2016     1,456 Views


၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံ ဖက်ခ်ဘူရီပြည်နယ် စိုက်ပျိုးရေးခြံ အတွင်းမှာ မြန်မာနိုင်ငံသား အလုပ်သမား(၅)ဦးကို လုပ်အားခငွေမပေးပဲ တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ခုတ်သတ် မီးရှို့ကာ အလောင်းဖျောက်ဖျက်ခဲ့မှုမှ အဓိက တရားခံ ဆရာဝန် ဖဲ့စူဖတ်ကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ထားပါတယ်။
 
 
 
အသက် ၆၂ နှစ်အရွယ် နှလုံး၊ ဆီးချို အထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး ထိုင်းနှင့် မွန်လူမျိုး ကပြားဖြစ်ပါတယ်။ မြန်မာနာမည် နိုင်းအောင်မင်း(ခ)ဖဲ့စူဖတ်ဟာ သူပိုင်ခြံအတွင်းမှာ မြန်မာနိုင်ငံသားတွေကို တရားမဝင် ခိုးသွင်းပြီး လူကုန်ကူးမှုနဲ့ပါ ပတ်သက်နေကြောင်း စစ်ဆေးတွေရှိခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ တရားခံဟာ အာမခံနှင့် အပြင်မှာနေထိုင်ရင်း အမှုရင်ဆိုင်နေစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
 
 
မိန်းမ သုံးယောက် ယူထားတဲ့ တရားခံပြေးဟာ ထိုင်း-မြန်မာနယ်စပ် ကနေ အငယ်ဆုံးမယားနဲ့ အတူ မြန်မာနိုင်ငံထဲ ထွက်ပြေးခဲ့တာကို မယားလတ်က မော်လမြိုင်ရဲစခန်းကို သတင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ သတင်းပေးချက်အရ လိုက်လံရှာဖွေဖမ်းဆီးရာ မော်လမြိုင်မြို့ ရာမည ဟိုတယ်၌ အငယ်ဆုံးမယားဖြစ်သူနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
 
ဖဲ့စူဖတ်ကို မြန်မာနိုင်ငံမှ လ.ဝ.က ဥပဒေနှင့် အမှုဖွင့် အရေးယူထားပြီး မကြာမီ ထိုင်းအာဏာပိုင်များလက်သို့ တရားခံကို လွှဲပြောင်းနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
 
Ref:saw, 7day
 

22 Dec 2016     1,456 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS