BEC-TERO TV

ဆယ်လီမင်းသမီးတွေရဲ့ ပုံတူ သက်ဝင်ဆီလီကွန် လိင်ဖျော်ဖြေရေးအရုပ်တွေ ရနိုင်တော့မည်

21 Dec 2016     1,726 Views


အရမ်းခိုက်တဲ့ ဆယ်လီ မင်းသမီးကို အပြင်မှာ မရနိုင်လို့ စိတ်မပျက်ပါနဲ့တော့။ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးမယ့် သက်ဝင်လှုပ်ရှား ဆီလီကွန်အရုပ်တွေက မကြာခင်ရရှိနိုင်တော့မှာဖြစ်ပါတယ်။
 
 
တုံပြန်လှုပ်ရှားမှုနဲ့ လိင်ဆက်ဆံနိုင်မယ့် အရုပ်တွေကို နှစ်သက်ရာ မျက်နှာအဝတ်အစား ဒီဇိုင်းအတိုင်း မှာယူနိုင်တော့မှာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ သူနဲ့ ချွတ်စွတ်တူစေဖို့အတွက် ဓါတ်ပုံတစ်ပုံသာ လိုအပ်ပါတယ်။ အရုပ်ရောင်းသူတွေက ဓါတ်ပုံထဲကအတိုင်း စိတ်တိုင်းကျ ဖန်တီးပေးပါလိမ့်မယ်။
 
 
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ပစ်သွားတဲ့အခါ သူ့နဲ့ချွတ်စွပ်အစားထိုးရနိုင်ပါတယ်။ ကိုယ်ကြွေနေတဲ့ ဘယ်သူကိုမဆို ဓါတ်ပုံရှိရုံနဲ့ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ဆယ်လီအနုပညာရှင်တွေကို လိုချင်တာမျိုးဆိုရင်တော့ အရုပ်ဖန်တီးတဲ့ ကုမ္ပဏီက ကာယကံရှင်ပုဂ္ဂိုလ်နဲ့ ညှိနှိုင်းပြီး ကိုယ်ပွားအရုပ် ထုတ်လုပ်ခွင့်လိုင်စင်ရယူပြီး ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီအတွက် ဆယ်လီတွေမှာလည်း ဝင်ငွေတိုးလာနိုင်တဲ့ နည်းလမ်းတစ်ခု ပေါ်လာနိုင်ပါတယ်။
 
 
သက်ဝင်လှုပ်ရှား တုံ့ပြန်နိုင်တဲ့ ဆီလီကွန် လိင်ဖျော်ဖြေရေး အရုပ်တွေကို တစ်ကယ့်လူအစစ်ရဲ့ ထိတွေ့မှုအတိုင်း ခံစားနိုင်ဖို့ မှတ်ဉာဏ်တုတွေ ထည့်သွင်းထားပြီး ကိုယ်လိုချင်တဲ့သူရဲ့ စရိုက်လက္ခဏာတွေ အတိုင်း ရရှိမယ်လို့ သိရှိရပါတယ်။
 
တစ်ကယ့်သက်ရှိလူသားနဲ့ ဆီလီကွန်အရုပ်အကြား ပဋိက္ခတွေကတော့ ကျိန်းသေပေါက် ရှိလာနိုင်ပါလိမ့်မယ်။ ဆီလီကွန်ရုပ်တွေက အမျိုးသမီးတွေရဲ့ လူသားတန်ဖိုးကို ခြိမ်းခြောက်လို့လာနေပါပြီ။
 

21 Dec 2016     1,726 Views




RELATED

Most Popular of Special or Others

Most Popular of NEWS