ခွေးချီလာသည့် ဦးခေါင်းနှင့် လက်မပါသော ကလေးအလောင်းတစ်လောင်း ရွှေပြည်သာတွင်တွေ့ရှိ
21 Dec 2016 1,356 Views

ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက်ကောက်သစ် (၁) လမ်းရှိ နေအိမ်ခြံဝင်းအတွင်း ဦးခေါင်း နှင့် လက်မပါသည့် ကလေးငယ် တစ်ဦး၏ အလောင်းကို ခွေး တစ်ကောင်က ချီလာခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးနေသည့် ကလေး ငယ်အလောင်းကို အိမ်ရှင်ဖြစ်သူ ကိုပြုံးချိုက စတင်တွေ့ရှိခဲ့ပြီးနေ အိမ်တွင် လာနေသည့်ခွေးမက ကိုက်ချီခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ခွေးမက ကလေးမွေးခါနီး အိမ်ရောက်လာတာပါ။ ကလေး မွေးပြီးခါစ ဗိုက်ဆာတော့ စား စရာထင်ပြီး ချီလာတယ်ထင်ပါ တယ်။ နောက်အိမ်ကလှမ်းအော် ပြောတော့ လူကိုအိမ်ဘေးမှာချ ပြီး ခွေးမကထွက်ပြေသွားတယ်’’ ဟု ကိုပြုံးချိုကပြောသည်။
ဦးခေါင်းနှင့်လက်မပါသည့် ကလေးငယ်မှာ ယောက်ျားက လေးဖြစ်ပြီး အသက် ခြောက်လမှ တစ်နှစ်အရွယ်ခန့်ရှိကာ ရထားသံ လမ်းဘက်မှ ချီလာခြင်း ဖြစ်နိုင် သည်ဟု ၁၄ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ဆန်းလွင်က ပြောသည်။
‘‘ကလေးက ရင်ခေါင်းက နေ နှစ်ခြမ်းပြတ်နေတာ။ အပေါ် ပိုင်းက ဘယ်မှာကျန်လဲတော့ မသိဘူး။ ၂ ရက်ရှိပြီ။ ကလေး ပျောက်တဲ့သူတွေ လိုက်မေးနေ တာ ။ ဒီနေ့အထိတော့ မသိရသေး ပါဘူး’’ဟု ၎င်းကပြောသည်။
အလားတူ ဒေါပုံမြို့နယ် အတွင်းဦးခေါင်းမပါသည့် ကလေး ငယ်အလောင်းကို တွေ့ရှိခဲ့ပြီးပြစ် မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။ ယခုအမှုကို လှော် ကားရဲစခန်းက အမှုဖွင့်စစ်ဆေး နေကြောင်းသိရသည်။
Credit:7Day