အသံဖိုင်ထွက်ခဲ့ ပေမယ့် အခုမှ တကယ်လမ်းခွဲလိုက်တဲ့ မိုးယံဇွန်
19 Dec 2016 1,410 Views
မိုးယံဇွန်နဲ့ နာမည်ကြီး မင်းသမီးတို့ ရဲ့ အသံဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ယခု ဒီဇင်လာလမှာ ထို မင်းသမီးနဲ့ အမှန်တကယ် လမ်းခွဲလိုက်ပြီလို့ ပြောလာပါတယ် ။ မိုးယံဇွန်က ချစ်သူနှင့် အဆင်မပြေသော ကိစ္စအချို့ကြောင့် လမ်းခွဲလိုက်ကြောင်း ပြောထားပါတယ်။
“အချစ်ရေးကတော့ အရင်လိုချစ်သူမရှိတော့ဘူး။လမ်းခွဲထားတယ်။တစ်ချို့ကိစ္စတွေက ကျွန်တော့်အတွက် အဆင်မပြေလို့ သူနဲ့ လမ်းခွဲထားတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ အချစ်ရေးရော၊ အိမ်ထောင်ရေးရော ဘာမှမစဉ်းစားသေးဘူး။”လို့ မိုးယံဇွန်က ပြောထားပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ အသံဖိုင်ဟာလဲ ကောလဟာလ သာ ဖြစ်ပြီး မသာမာသူတွေရဲ့ လုပ်ကြံဖန်တီးတာဖြစ်တယ်လို့ ဖြေရှင်းထားပါသေးတယ် ။ လက်ရှိမှာတော့ ဇာတ်ကားတွေ ရိုက်ကူးနေပြီး ကုမ္ပဏီ နဲ့ စာချုပ် ပြသာနာတွေကြောင့် ဇာတ်ကားရိုက်ကူးမှ တွေ ကျဲနေခဲ့ တာလဲ ဖြစ်ပါတယ် ။
Credit: smmk