မြန်မာပြည်ထဲခိုးဝင် အလုပ်လုပ်ပြီး လူကုန်ကူးနေသည့် တရုပ်လူမျိုးများ ဖမ်းဆီးရမိ
16 Dec 2016 1,398 Views

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ဒီဇင်ဘာ ၁၄ ရက်က တရားမဝင် ဝင်ရောက် အလုပ်လုပ် ကိုင်နေသူ တရုတ်နိုင်ငံသား လေးဦး ဖမ်းဆီးရမိကြောင်း သိရှိရသည်။
မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စု ဟွေထန်ကျေးရွာအနီးရှိ ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဝင်ရောက် စစ်ဆေးရာ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများ ဖြစ်သည့် ဝမ်မီကျုံး (၄၆ နှစ်)၊ လီမန် ကျန် (၃၃ နှစ်)၊ ကျားထင်ချန် (၃ဝ နှစ်)တို့ကို လည်းကောင်း၊ မုန်းလိုက် ကျေးရွာအုပ်စု ဟိုဒုန်းကျေးရွာအနီးရှိ ငှက်ပျောခြံ၌ စစ်ဆေးရာ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်သည့် တရုတ် နိုင်ငံသား တိန်ကွေ့ရီ (၅၄ နှစ်) စုစုပေါင်း လေးဦးကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားလေးဦးအား စစ်ဆေးရာတွင် မြန်မာနိုင်ငံမှ အမျိုးသမီးငယ်လေးများအား ပွဲစားများနှင်ချိတ်ဆက်ကာ တရုတ်နိုင်ငံထဲသို့ ပို့ပေးနေကြောင်း ထပ်မံ၍ သိရှိခဲ့ရပြီး တရားခံ တရုတ်နိုင်ငံသားလေးဦးအား မိုင်းယောင်းမြို့ရဲစခန်း၌ ရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit:စိုင်းနော်ခမ်း