အမျိုးသမီးများပါဝင်သော မင်္ဂလာတောင်ညွန့် အုပ်စုဖွဲ့ ရိုက်နှက်မှု
16 Dec 2016 1,353 Views

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းတွင် ကားပါကင်ကိစ္စ အချင်းများကြရာမှ အမျိုးသားတစ်ဦးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့မှုတစ်ခု ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြန်မာ့ဂုဏ်ရည်လမ်းနေ အသက် (၅၅)နှစ်အရွယ် ဦးခင်ဝင်းသည် သူ၏ အထည်ဆိုင်၌ သားမက်ဖြစ်သူ အောင်ဝင်းနှင့် ဈေးရောင်းနေစဉ် မျက်နှာချင်းဆိုင်တိုက်မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးရောက်ရှိလာပြီး ကားပါကင်ကိစ္စ စကားများကြရာမှ ဆဲဆိုကာ ဦးခင်ဝင်း၏ သားမက်ဖြစ်သူအား ခဲများနှင့်ထုခြင်း၊ ဝါးလုံးများနှင့် ရိုက်နှက်ခြင်းတို့ကြောင့် အောင်ဝင်း၏ မျက်နှာ၊ ကျောကုံး၊ ရင်ဘတ်တို့တွင် နာကျင်ဒဏ်ရာများ ရရှိကာ မင်္ဂလာတောင်ညွန့် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၅၀၆/၄၀၃/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။
Ref:7Day
Photo:သရုပ်ဖော်မျှသာ