ရိုးသားတဲ့ အိမ်အကူအမျိုးသမီးဘဝကနေ Facebook သုံးရင်း အသေခံဗုံးခွဲလိုစိတ် ပြင်းပြလာသူ
15 Dec 2016 1,338 Views
အင်ဒိုနီးရှားသမ္မတ ဂျိကိုဝီဒိုဒိုရဲ့ ရုံးခန်းကို ဗုံးဖောက်ခွဲဖို့အကြောင်း ပြောဆိုရေးသားခဲ့တဲ့အတွက် အသက် ၂၇ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး ဒိုင်ယန်ယုလီယာနိုဗီ ကို လွန်ခဲ့တဲ့ အပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နိုဗီဟာ အစက ရိုးသားတဲ့ သာမန်အမျိုးသမီးတစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အိမ်အကူအမျိုးသမီးဘဝကနေ အသေခံဗုံးခွဲတဲ့ အကြမ်းဖက်သမားတေစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ သူမရဲ့ ဘဝက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
သူမရဲ့ အိမ်အကူအမျိုးသမီးအလုပ်ကို တိုင်ဝမ်နိုင်ငံမှာ စတင်လုပ်ကိုင်ခဲ့ပြီး သုံးနှစ်ကြာခဲ့ပါတယ်။ အဲသည်အတွေ့အကြုံများနဲ့ ၂၀၁၄ ခုနှစမှာ စင်ကာပူနိုင်ငံကို အိမ်အကူအဖြစ်လာရောက်လုပ်ကိုင်စဉ် အင်တာနက်နဲ့ ထိတွေမိရာက ဖေ့စ်ဘုတ်ဆိုတာကို သူမ စတင် စမ်းသုံးကြည့်မိခဲ့ပါတယ်။ အစပထမမှာ ဘာတွေ ဘယ်လိုသုံးရမှန်းလည်း မသိသလို အဖွဲ့(Group) တွေမှာ အဖွဲ့တင်တာမျိုး ဝင်ရောက်ရေးသားတာမျိုး မရှိခဲ့ပါဘူး။
တစ်ရက်မှာတော့ ဖေ့စ်ဘုတ် သုံးရင်းနဲ့ “Jihadisist”(ဂျီဟတ်အဖွဲ့) ရဲ့ စာမျက်နှာတွေကို ဝင်ဖတ်ရင်းကနေ သူမစိတ်တွေ ပြောင်းလဲလာခဲ့ပါတယ်၊ သူတို့အဖွဲ့ တင်ထားသမျှ အစွန်းရောက်တရားတွေကို ပုံမှန် ဖွင့်ကြည့်နားထောင်ရင်း အသေခံဗုံးခွဲတယ်ဆိုတာ မြင့်မြတ်တဲ့ အလုပ်၊ အလ္လာအရှင်မြတ်ကို အလုပ်အကျွေးပြုတယ်လို့ ခံယူလာပြီး အသေခံဗုံးခွဲသူတစ်ယောက် ဖြစ်လိုတဲ့ ဆန္ဒတွေ ကြီးထွားလာခဲ့ပါတယ်။
သူမဟာ ဖေ့ဘုတ်ထဲက သူငယ်ချင်းရဲ့ သူငယ်ချင်းဖြစ်သူတစ်ဦးနှင့် ပြင်ပမှာ တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဖူးခြင်းမရှိသေးပဲ လက်ထပ်ခဲ့ကြပါတယ်၊ သို့တိုင် အပြင်မှာ မြင်ဖူးခြင်းမရှိသေးပါ။ သူမ၏ အမျိုးသားဖြစ်သူ နာဆိုလီဟင်မှာ အိမ်ထောင်နှင့် ကလေးရှိသူဖြစ်ကြောင်း သူမသိရှိခဲ့သည်။
ဗုံးခွဲမည့်အကြောင်း ပြောဆိုရေးသားခြင်းနှင့် ပက်သက်၍ ဖမ်းဆီးခံရသူ ၃ ဦးတွင် သူမ၏အမျိုးသား နာဆိုလီဟင်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။
Ref:TheStraitsTimes