တင်သွင်းတဲ့ကားများလာလို့ ဒေါ်လာဈေး ပိုတက်
15 Dec 2016 1,349 Views

- အမေရိကန် ဒေါ်လာဈေးပိုမိုမြင့်တက်နေတာက ကားတင်သွင်းသူတွေများလာတာက အချက်တစ်ချက်ဖြစ်တယ်လို့ သိရတယ်။ လက်ရှိ ကားမူဝါဒနဲ့ တစ်ဦးချင်းကားတင်သွင်းတဲ့ စနစ်နဲ့ ကားတင်သွင်းတာကို လာမယ့် ဒီဇင်ဘာ ၂၃ ရက်နောက်ဆုံးထားလျှောက်ထားရ မယ်ဆိုတာကြောင့် ဒီရက်ပိုင်းမှာ ကားတင်သွင်းတဲ့သူများလာတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ရှင်များအသင်းအတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ကိုမျိုးကိုကိုကပြောတယ်။
- အဲဒါက လာမယ့် ၂၀၁၇ မှာ တင်သွင်းခွင့်မရှိတော့တဲ့ မော်ဒယ်နိမ့်ကားတွေကို သည်ရက်ပိုင်းအတွင်းအပြီးလျှောက်ထားရမှာပါ။ ဒါကြောင့် အဲသည်ကားတင်သွင်းမယ့် သူတွေက အမေရိကန်ဒေါ်လာဝယ်ယူကြတာပိုများလာတယ်။ အမေရိကန်ဒေါ်လာ လိုအပ်ချက်ပိုပြီးမြင့်မားလာစေတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန် ဒေါ်လာဈေးက အမြင့်ဆုံး ၁၃၇၃ ကျပ်ဝန်းကျင်အထိရောက်ရှိနေပြီး ကျပ် ၁၄၀ဝအထိမြင့်တက်လာနိုင်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Credit : kumudranews