BEC-TERO TV

မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးကို ဖမ်းဆီးနိုင်ရေး ထိုင်းက ဆုငွေထုတ်

15 Dec 2016     1,563 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ထုံဘူရီနယ်မြေတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသာ မြန်မာအမျိုးသမီးတစ်ဦးကို ရွှေထည်များနှင့် ငွေများ (တန်ဖိုး ဘတ် ၇ သန်း၊ မြန်မာကျပ် သိန်း ၂,၆၀၀) ခိုးယူသည်ဟု အိမ်ရှင်က စွပ်စွဲကာ သူမရှိသောနေရာကို သတင်းပေးနိုင်သူအား ဆုငွေဘတ် ၁ သိန်း (ကျပ်သိန်း ၃၀) ချီးမြင့်မည်ဟု ဖေ့စ်ဘုတ်စာမျက်နှာပေါ် ကြေငြာခဲ့ခြင်းဖြစ်သည်။
 
 
အသက်(၃၀)နှစ်အရွယ် မခင်မြင့်ဦးသည် အိမ်အကူအဖြစ် လုပ်ကိုင်ရန် ဒီဇင်ဘာလ ၈ ရက်နေ့က အလုပ်ရှင်ထံသို့ ရောက်လာခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အပြင်သွားမည်ဟု အိမ်ရှင်ထံ ခွင့်တောင်းခဲ့ပြီးနောက် ပြန်လာခဲ့ခြင်းမရှိပဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ သူမနှင့်အတူ စိန်လက်စွပ် နှစ်ကွင်း၊ စိန်ဆွဲကြိုး နှစ်ကုံး၊ ရွှေဆွဲကြိုး တစ်ကုံးအပြင် ယူရိုငွေနှင့် ထိုင်းဘတ်ငွေ စုစုပေါင်းတန်ဖိုး ဘတ်ငွေခုနှစ်သောင်းခန့် ပျောက်ဆုံးနေကြောင်း တိုင်းကြားခြင်းခံခဲ့ရသည်။
 
 
 
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသော MAT ဒါရိုက်တာ ဦးကျော်သောင်းက အိမ်ရှင်ဆီရောက်ပြီး လေးရက်အတွင် ယခုကဲ့သို့ ခိုးယူသွားတယ်ဆိုတာ မဖြစ်နိုင်ဘူးဟု သူ၏ ထင်မြင်ချက်ကို ပြောသည်။ ထိုင်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးကမူ ထိုင်းလူမျိုး သူဌေးများက သူတို့၏ တန်ဖိုးကြီး ပစ္စည်းများကို အိမ်မှာ ထားလေ့မရှိပဲ ဘဏ်မှာသာအပ်နှံထားလေ့ရှိကြောင်း ပြောပြသည်။
 
 
မခင်မြင့်ဦးမှာ ကရင်ပြည်နယ် ဘားအံမြို့ ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သြဂုတ်လတွင်းက ရောက်ရှိလာကြောင်း သိရှိရသည်။ ယခုဖြစ်စဉ်ကို ထိုင်းအထူးစုံစမ်းရေး ရဲတပ်ဖွဲနှင့် နယ်စပ်ဖြတ်ကျော် မြန်မာရဲတပ်ဖွဲ့မျာနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိနေပြီး၊ လတ်တလောတွင် မခင်မြင့်ဦး ကိုယ်တိုင် ပျောက်ဆုံးလျှက်ရှိသည်။
 
Ref:7Day
 

15 Dec 2016     1,563 Views




RELATED

Most Popular of International News

Most Popular of NEWS