BEC-TERO TV

လိပ်ကျွန်းလူသတ်မှုမှ သံသယရှိသူ ဝင်းနှင့်ဇော် တို့၏ လက်ရှိအခြေအနေ

15 Dec 2016     2,036 Views


ထိုင်းနိုင်ငံ၏ ဘုရင်အသစ်မှ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးသည့်နောက် လိပ်ကျွန်း လူသတ်မှုတွင် သံသယရှိသူများအဖြစ် ဖမ်းဆီးထားခြင်းခံနေရသော မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ပြန်လည်၍ လွတ်မြောက်လာခဲ့ပြီဆိုသော သတင်းအမှားက လူမှု့ကွန်ယက်တွင် ပျံ့နှံ့လျှက်ရှိသည်။
 
ထိုင်းဘုရင်အသစ်က အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌ သတ်မှတ်ချက်များနှင့် ကိုညီမှုရှိသော အကျဉ်းသားများကိုသာ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အမှုမှာ မုဒိန်းမှုနှင့် ဆက်စပ်နေသော အမှုဖြစ်နေသည်ကတစ်ကြောင်း လက်ရှိတွင် အယူခံဝင်ထားပြီး တိကျသော ပြစ်ဒဏ်ကို တရားရုံးက အဆုံးအဖြတ် စီရင်ချက်မချရသေးသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြန်လည်၍ လွတ်မြောက်ခဲ့ခြင်းမရှိသေးပါ။
 
ထို့အပြင် ထပ်မံပြန်လည် တင်းကျပ်လိုက်သော ဥပဒေအရ ဝင်းနှင့်ဇော်အား ထောင်ဝင်စာ လွယ်ကူစွာ တွေ့ခွင့်လည်းမရှိတော့ပဲ မိသားစုဝင်များသာ တွေ့ခွင့်ရပါသည်။ အပြင်လူအနေနှင့် အခြေနေတစ်ခုခုကို သိရှိလိုပါက မြန်မာသံရုံး၏ ထောက်ခံစာပါရှိမှသာ တွေ့ခွင့်ရတော့သည့် အခြေအနေမှာ လက်ရှိအနေအထားဖြစ်ပြီး အယူခံဝင်ထားသည့်အတွက် အဆုံးအဖြတ်ချမည့်နေ့ကို ဆက်လက်၍ စောင့်ဆိုင်းနေကြရသည်။
 
လတ်တလော ထောင်ဝင်စာလာတွေ့နေသည့် ဝင်းနဲ့ဇော်တို့၏ မိခင်နှစ်ဦး
 
 
သူတို့၏ မိခင်နှစ်ဦးဖြစ်သူမှာ ဘန်ကောက်တွင် ရှိနေပြီး သားနှစ်ဦးကို ထောင်ဝင်လာတွေ့သည့် လတ်တလောပုံများကို သတင်းခိုင်မာမှုအတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
 
ယခုကဲ့သို့ဖော်ပြရခြင်းမှာ ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် လှုပ်ရှားနေကြသူများ၊ ဆုတောင်းပေးနေကြသူများ လွတ်မြောက်လာပြီဟူသော သတင်းအမှားကြောင့် လှုပ်ရှားဆောင်ရွက်နေမှုများ ရပ်တန့်သွားမည်ကို မလိုလားသည့် စေတနာရှေးရှု၍ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
 
“ဝင်းနဲ့ဇော်” မလွတ်မြောက်သေးပါ…။
 
Ref:PyiMoeAung

15 Dec 2016     2,036 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS