ကျန်းမာရေးကြောင့် ဂီတပွဲတွေ ဖျက်လိုက်ရတဲ့ Meghan Trainor
14 Dec 2016 1,304 Views
အသက် ၂၂ နှစ်အရွယ် Meghan Trainor ဟာ နာတာရှည် ဖျားနာမှုကြောင့် ဒီဇင်ဘာ ၈ ရက်နေ့က ကျန်နေတဲ့ ဖျော်ဖြေပွဲတွေကို ပယ်ဖျက်ခဲ့ ရပါတယ် ။
“ နေမကောင်းဖြစ်နေတာ ကြာနေပေမယ့် ကောင်းကောင်းအလုပ်လုပ်နိုင်ပါသေးတယ် ဆရာဝန်နဲ့ သွားပြတဲ့ အခါမှ နှစ်ပတ်သီချင်းဆိုတာ ရပ်ပြီး အနားယူရမယ်လို့ ပြောလာခဲ့ ပါတယ် ။ ပရိတ်သတ်တွေနဲ့ တွေ့ဖို့ စိတ်လှုပ်ရှားခဲ့ ပေမယ့် အိမ်ပြန်ပြီး အနားယူခဲ့ ရပါတယ်။ ပရိတ်သတ်တွေကို ချစ်ပါတယ် ပရိတ်တွေ နဲ့ ပြန်တွေ့ နိုင်ဖို့ ကျွန်မ အနားယူရတာလဲ ဖြစ်ပါတယ်လို့” ပြောသွားခဲ့ ပါတယ် ။
Meghan ဟာ ၂၀၁၅ ခုနစ်က လည်ချောင်းတွင်း သွေးကြောပေါက်သော ကြောင့် ရှိုးပွဲတွေ ပယ်ဖျက်ခဲ့ ရပါသေးတယ် ။ ၂၀၁၆ မေလမှာ အနုပညာ လှုပ်ရှားမှုတွေ ပြန်လည် လုပ်ကိုင်လာပြီး Thanks You album ကို ထွက်ရှိပြီး No , Mee too , Better သီချင်းတွေဟာ လူကြိုက်များခဲ့ ပါတယ် ။
သီချင်း ရေး ရတာလဲ ၀ါသနာ ပါတဲ့ Meghan ဟာ ဇာတ်ကားတချို့ ရဲ့ ဇာတ်ဝင်သီချင်းတွေကို လည်း ရေးပေးခဲ့ ပြီး လူကြိုက်များခဲ့ ပါသေးတယ် ။
Credit:7Day news