BEC-TERO TV

စကားများရာကနေ မိန်းမဖြစ်သူကို ဓားနဲ့ထိုးသတ်

14 Dec 2016     1,340 Views


- ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ( ဌ) ရပ်ကွက်မှာ မနေ့ညနေခြောက်နာရီ ၀င်းကျင်ခန့်မှာ လင်မယားချင်း စကားများရာကနေ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

“ဖြစ်တာကခြောက်နာရီလောက်ကဖြစ်တာ ပထမတော့ ကြက်သွန်လှီးတဲ့ ဓါးနဲ့လှီးတယ်ပြောတယ် နောက်ပြီးမှ ဓါးရှည်နဲံ အပေါ်ကနေထိုးတာ မိန်းမဖြစ်သူကတော့ ဆုံးသွားပါပြီ နေရာတင်ဆုံးသွားတာပါ“လို့ ဌရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်ကပြောပါတယ်။ ကျုးလွန်သူ ကို မင်းမင်း အသက် ၃၅ နှစ်ဟာ မိန်းမဖြစ်သူကိုသတ်ဖြတ်ပြီးနောက်လူသတ်လက်နက်ကို ဆေးကြောကာ လေးနှစ်အရွယ်ကလေးငယ်ကို ခေါ်ပြီးအပြင်ထွက်သွားခဲ့တယ်။

- သူတို့စကားများရန်ဖြစ်တာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ဒီကနေ့မှာလက်လွန်သွားတာဖြစ်တယ်လို့ ပတ်ဝန်းကျင်ရှိပြည်သူတွေကပြောပါတယ်။ ဖြစ်ရပ်ဖြစ်ပွားနေချိန်မှာ အိမ်နီးနားချင်းတွေဟာ တံခါးပိတ်ထားကာ အထဲမှာ နေခဲ့ကြပြီး ကျုးလွန်သူ နေအိမ်က ထွက်ခွာသွားမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုအကြောင်းကြားကာ ရဲတပ်ဖွဲ့အကြောင်းကြား ခဲ့တယ်လို့သိရပါတယ်။ အဲသည်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူ မင်းမင်း ၃၅ နှစ်ကို မြောက်ဥက္ကလာပမြိုနယ် ဝေဘာဂီရဲစခန်းမှာ ပ/၁၇၇၇ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Credit : kumudranews


14 Dec 2016     1,340 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS