BEC-TERO TV

Christmas နေ့မှာ ဖြန့်ချီနဲ့ မေခလာ ရဲ့ အလှကုန်

13 Dec 2016     1,406 Views


ကိုယ်ပိုင်နာမည် မေခလာ အမည် နဲ့ ဂျပန်နိုင်ငံ ထုတ် skin care တွေ ဖြန့်ချီဖို့ ရှိတယ်လို့ ပြောထားပေမယ့် အခု တကယ် ထွက်လာတော့မှာ ဖြစ်ပါတယ် ။ Skin care တွေကို မြန်မာနိင်ငံ ရာသီဥတု နဲ့ ကိုက်ညီဖို့ နဲ့ FDA ထောက်ခံချက်တွေ အဆင့်ဆင့် ယူပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်လို့ အဆိုတော် မေခလာ က ပြောထားပါတယ် ။

Skin care ကို မိန်းကလေးတွက်သာမက ယောက်င်္ကျားလေး ပါ အသုံးပြုလို့ ရပါတယ် ။ အဓိက ကအရေးအကြောင်းနဲ့ အမဲစက် ပျောက်အောင် ထုတ်လုပ်ထားပြီး ကိုယ်တိုင်သုံးစွဲ ထားတဲ့ ပစ္စည်းလေးတွေလဲ ဖြစ်ပါတယ် ။ ဂျပန်မှာ နာမည်ကြီး Brand တခုဖြစ်တဲ့ Noevir နဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲထဲ့ ကစတင်လုပ်ကိုင်ခဲ့တာလဲ ဖြစ်ပါတယ် ။စမ်းသပ်မှုတွေ အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီး ချစ်ငယ် ကိုယ်တိုင် တစ်နှစ်လောက်သုံးစွဲပြီး စမ်းသပ် ထားတာကြောင့် အာမခံ ရဲတာလဲ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

Skin care ကို 3မျိုးထွက်ရှိမှာ ဖြစ်ပြီး မျက်နှာသစ်ဆပ်ပြာ ၊ Toner ၊ UV Cream တို့ပဲ ဖြစ်ပါတယ် ။ Skin Care ၃မျိုးကို ၈၀၀၀၀ ကျပ်ဖြင့် စတင်ရောင်းချမှာ ဖြစ်ပြီး လက်လီလက်ကား ရောင်းလူသူများအတွက် ၁၀ ရာခိုင်နှုန်း လျှော့ပြီးရောင်းချပေးမှာလဲ ဖြစ်ပါတယ် ။

Credit:7Day Daily


13 Dec 2016     1,406 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment