တစ်ကယ့် 4G ကွန်ယက်စစ်စစ် မတ်လကုန်တွင်လာမည်
13 Dec 2016 1,338 Views

ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာ ကုမ္ပဏီများက 4G ကွန်ယက်ကို အပြိုင်အဆိုင် မိတ်ဆက်ပေးနေသော်လည်း တစ်ကယ်သုံးကြည့်သည့်အခါတွင် မြန်နှုန်းမြင့် ပမာဏ 1800 Spectrum ကို မရရှိသေးသည့်အတွက် 3G ကွန်ယက် မြန်နှုန်းထက်ပင် နိမ့်ကျနေရကြောင်း အော်ပရေတာများက ထုတ်ဖော်ပြောကြားခဲ့သည်။
4G ကွန်ယက်မြန်နှုန်း ရရှိရန် မဖြစ်မနေ ထောက်ပံ့ပေးရမည့် 1800 Spectrum ကို မတ်လကုန်တွင် ချပေးနိုင်ရန် မျှော်မှန်းထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနမှ ဒေါ်စိမ့်စိမ့်အေးက ပြောကြားခဲ့သည်။ 1800 Spectrum ချထားပေးနိုင်ရန် အကြံပေးပုဂ္ဂိုလ်များကို ကမ္ဘာဘဏ်ချေးငွေဖြင့် ငှားယမ်းထားခဲ့ပြီး အော်ပရေတာများ၏ Spectrum လိုအပ်ချက်နှင့် ဝယ်ယူလိုသည့် ပုံစံတို့ကို ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ ရောင်းချပေးမည့် ဈေးနှုန်းကို မများအောင် စီမံသွားမှာဖြစ်ကြောင်းသိရှိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌါနမှ Broadband အတွက် 2600 Spectrumu ကို လေလံစနစ်နှင့် ရောင်းချခဲ့သော်လည်း 1800 Spectrum ကိုမူ အစိုးရ၊ ပြည်သူနှင့် အော်ပရေတာများအကြား အပြန်လှန်အကျိုးရှိမည့် ပုံစံနှင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Credit:7Day