BEC-TERO TV

မိုးပြာဂိုဏ်းအယူဝါဒ ထုတ်ဝေဖြန့်ချိပါက သာသနာရေးဝန်ကြီးဌါနမှ အရေးယူမည်

13 Dec 2016     1,734 Views


ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် ဆန့်ကျင်လျှက် အစွန်းရောက်သဘောတရားများပါသော မိုးပြာဂိုဏ်း၏ အယူဝါဒများကို ထုတ်ဝေဖြန့်ချိပါက အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။
 
ဒီဇင်ဘာ (၃)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာ) ဂိုဏ်းမှ သာဝကများကိုယ်စား ဦးနေဝင်းက ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ်များ၊ စီဒီခွေများနှင့် တရားဓမ္မများ ဟောကြားဆွေးနွေးခြင်းများကို ပြန်လည်ထုတ်ဝေ ဖြန့်ချိမည် ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာချက်အပေါ် သာသနာရေးဦးစီးဌါနက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကြေညာချက်ထုတ်၍ ပြန်လည် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
 
မိုးပြာဂိုဏ်းတည်ထောင်သူ ဦးဉာဏကို ဗုဒ္ဓသာသနာတော်နှင့် ဆန့်ကျင်သည့် လုပ်ရပ်များ မပြုလုပ်ရန် တားဆီးခဲ့သော်လည်း လိုက်နာရန် ပျက်ကွက်ခဲ့သည့်အတွက် ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ 
 
 
သာသနာရေးဦးစီးဌါန၏ အရေးယူမည့် ကြောင်းကြားစာကို ဦးနေဝင်းက လက်ခံရရှိကြောင်း လက်မှတ်ထိုးခဲ့သော်လည်း လိုက်နာမည့် သဘောမျိုးမဟုတ်ကြောင်းနှင့် မိုးပြာဂိုဏ်နှင့် ပက်သက်သော အကြောင်းအရာများကို သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံသို့လည်း ပေးပို့ထားကြောင်း ဦးနေဝင်းက ပြောသည်။
 
ဦးဉာဏ ကိုယ်တိုင်ရေးသားထားသော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာစာအုပ် ၆၀ ကျော်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန် မန္တလေးမြို့များ၌ ကိုယ်တိုင်စာအုပ်ဆိုင်ဖွင့်လှစ်ကာ ရောင်းချသွားရန် စီစဉ်နေသည်ဟု သိရှိရသည်။
စစ်ကိုင်းတိုင်း မင်းကွန်းရွှေမြင်တောင်တွင် နေထိုင်သည့် ဦးဉာဏသည် ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘိဒါယ ရဟန္တာဖြစ်ကြောင်း ကြွားဝါ၍ အဓ္ဓမဝါဒများ ဟောကြားသဖြင့် ၁၉၈၃ ခုနှစ်တွင် အဓိကရုဏ်မှုခင်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မနှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခံခဲ့ရသည်၊ ၁၉၉၁ ခုနှစတွင် မိုးပြာဂိုဏ်းတည်ထောင်မှုကြောင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် ပစ္စုပ္ပန်ကမ္မဝါဒ အမည်ခံကာ  မိုးပြာဂိုဏ်းကို မစွန့်လွှတ်သည့်အတွက် ထောင်ဒဏ် (၂၀)နှစ် ချမှတ်ခဲ့ခြင်းခံရသည်။
 
နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများက ဦးဉာဏ၏ ဟောပြောချက်များ ရေးသားချက်များသည် အဓ္ဓမဝါဒဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဆုံးဖြတ်ကြေညာခဲ့သည်။
 
Credit:7Day
 

13 Dec 2016     1,734 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS