၂၀၁၇ မှာ အနုပညာအလုပ်တွေ ကို ပြန်လုပ်မယ့် အေသင်ချိုဆွေ
12 Dec 2016 1,429 Views

အနုပညာ အလုပ်တွေ နဲ့ အလှမ်းဝေးနေတဲ့ အေသင် ကတော့ ၂၀၁၇ မှာ ပြန်လည် ပြုလုပ်မှာ ဖြစ်ပြီး လက်ရှိမှာ နယ်ရှိုးပွဲတွေ ပဲ ဆိုဖြစ်နေပါတယ် လို့ ပြောထားပါတယ်။
စီပွားရေး အနေနဲ့ Chan A ဆိုတဲ့ Thai Food ဆိုင်လေး ဖွင့် ထားပါတယ် ။ဖွင့်တာ ၁ လခွဲ ၂ လပဲ ရှိသေးပေမယ့် ပရိတ်သတ်တွေကော online ကတွေ့ပြီး လာအားပေးတယ့် သူတွေကော အများအပြားရှိပါတယ်။ ကျောက်မြောင်းလမ်း နဲ့ မလွှကုန်း လမ်းထောင့်မှာ ဖွင့်လှစ် ထားပါတယ် ။ ကာစတန်မာတွေ ရဲ့ တောင်းဆိုချက်ကြောင့် Chan A ဆိုင်ခွဲ ကိုလဲ ထက်မန် ဖွင့်လှစ် နိုင်ရန် ကြိုးစားနေပါတယ်လို့ ပြောထားပါတယ် ။
ဆိုင်မှာ ထိုင်းအစားအစာ ၊ တရုတ် အစားအစာ အပြငိ ဇလုံ ထမင်းသုပ် လဲ ရရှိပါတယ် ။ ထိုင်း အစားးအစာ နဲ့ ပတ်သတ်လို့ ကြီးကြီးမားမား မရ ပေမယ့် street food စစ်စစ်လေးတွေ ရရှိမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ အမျိုးအစားအလိုက် အမျိုးမျိုး ရှိပါတယ်လို့ ပြောထားပါတယ် ။
အမေနဲ့ အတူတူ ဖွင့်ထားတဲ့ ဒီဆိုင်လေးမှာ အကုန်လုံးကိုတော့ အမေ ဦးစီးပြီး အမေ့ စိတ်ကူးလေးတွေ ပါလို့ ပြောသွားပါတယ် ။ အမြဲ တန်းတော့ ဆိုင်မထိုင် နိုင်ပေမယ့် အားတဲ့ အချိန် အားတဲ့ ရက်တွေမှာတော့ ဆိုင်မှာပဲ ရှိနေတက်ပါတယ်လို့ ပြောထားပါတယ်။
Credit:modern journal