ဘင်္ဂါလီအရေး သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတဲ့ မလေးရှား
12 Dec 2016 1,382 Views
မလေးရှားအွန်လိုင်း စာမျက်နှာတစ်ခုဖြစ်တဲ့ free Malaysia today စာမျက်နှာက ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိလိုက်ချိန်မှာ မလေးရှားက ဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးမှာ အပြင်းအထန် ဦးဆောင်ဆန္ဒပြတဲ့ အခြေခံအကြောင်းလေးကို တွေးမိပြီးပြုံးမိပါတယ် ( ဝန်ကြီးချုပ်ဆန္ဒပြတာတော့ အခြားနိုင်ငံရေး လှည့်ကွက်တွေလည်း ပါပါတယ်) ။ ဒါပေမယ့် သာမန်လူတွေကတော့ ပါးစပ်ပြော ဝါဒဖြန့် လန်ကြုတ်ပုံပြင်တွေကိုယုံပြီး ဘင်္ဂါလီအရေးကို မျက်စိစုံမှိတ် ဝင်ရောက်ပက်သက်ကြတယ်ဆိုတာ သေချာကြောင်း ဒီဆောင်းပါက သက်သေပြနေလိုပါပဲ။ သူတို့ရေးထားတဲ့ ဇာတ်လမ်းလေးက ဒီလိုခင်မျ…
“ကျွန်တော့်ရွာကနေ သတင်းဆိုးတစ်ခု အခုပဲကြားခဲ့ရတယ်”
အဖေ့နားမှာ ထိုင်လေ့ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်ယောက်က သောကြာနေ့ ဗလီတက်တုန်းမှာ ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ကျနော်တို့နဲ့ မစိမ်းပါဘူး၊ ရွာမှာဗလီ တက်တိုင်းသူ့ကို မကြာခဏတွေ့နေကျပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲက ကျနော်တို့နဲ့ သူ့မိသားစုက အိမ်နီးချင်းဖြစ်နေခဲ့ပြီး၊ သူက ဘူကစ်မာတာဂျန်မှာ ကန်ထရိုက်လုပ်ပါတယ်။
“ဘာတဲ့လဲ…ကွ..?” ကျွန်တော့်အဖေက သူ့ကိုမေးလိုက်တယ်။
“ဟိုမှာကျန်ခဲ့တဲ့ ကျွန်တော့မိသားစုတွေ အိမ်လဲမရှိကြတော့ဘူး” “စစ်တပ်က မီးရှို့လိုက်ကြပြီး သူတို့ ခြောက်ယောက်က ထွက်ပြေးနေကြရတယ်။ ဒါပေမယ့် ကျွန်တော့်တူမလေးနှစ်ယောက် ၁၃ နှစ်နဲ့ ၁၅ နှစ်ကို သူတို့မိသွားပြီး မုဒိန်းကျင့်ခံလိုက်ရတယ်။ ကျွန်တော် ဝမ်းနည်းပြီး ကူကယ်ရာမဲ့လို ခံစားနေရတယ်ဗျာ” လို့ ပြောပါတယ်။
အဖေက “ငါ ဘယ်လိုကူညီရမလဲကွာ..?” လို့ ပြန်မေးလိုက်တယ်
“ကျေးဇူးပြုပြီး သူတို့အတွက် ဆုတောင်းပေးပါ၊ ငါတို့ အားလုံးအတွက်လည်း ဆုတောင်းပေးပါ” လို့ သူပြန်ပြောတယ်။
အဖေ ဗလီကပြန်ထွက်လာချိန်မှာ သူကတော့ ဖျာပေါ်မှာထိုင်ပြီး အဆက်မပြတ်ဆုတောင်းနေဆဲ ကျန်ရစ်တယ်။
အဖေ အိမ်ပြန်ရောက်လာချိန်မှာ ရိုဟင်ဂျာနဲ့ ပက်သက်တဲ့ ဒီအကြောင်းတွေကို ကျွန်တော်တို့ တမိသားစုလုံးကို ဖောက်သည်ချ ပြန်ပြောပြတယ်။ အဖေဟာ ဒိကိစ္စအပေါ် အတော်လေး စိတ်ထိခိုက်နေတာကို တွေ့ရတယ်။
“ကျွန်တော်တို့ ကူညီဖို့ ဘာလုပ်ကြမလဲ..?” ကျွန်တော်က စမေးလိုက်တယ်။
အဖေက ခါးသီးစွာပြုံးရင် “ပြီးခဲ့တဲ့ အပတ်တုန်းက ရိုဟင်ဂျာတွေကို ကူညီဖို့ ဗလီမှာ ပိုက်ဆံကောက်တော့ ငါ ပိုက်ဆံနည်းနည်း ထည့်ခဲ့တယ်၊ ဘယ်လောက်များများရမှ ရိုဟင်ဂျာတွေကိစ္စ အဆုံးသတ်နိုင်မယ်ဆိုတာ မသိပါဘူးကွာ”
အဲဒီနေ့ကစပြီး ကျွန်တော့်ဆီမှာ အတွေးတစ်ခု ကျန်ခဲ့တယ် “ငါတို့လို သာမန်မလေးရှားပြည်သူတွေ ရိုဟင်ဂျာတွေ နှိပ်စက်ခံနေရတဲ့ အရေးကို ဘယ်လို ကူညီရမလဲဆိုတာပေါ့”
ဒီကိစ္စက အဖြေရှာဖို့ သိပ်မလွယ်ပေမယ့် နာရီအနည်းငယ်လောက် အင်တာနက်မှာ အဖြေရှာကြည့်လိုက်တယ်။ တစ်စုံတစ်ယောက်ဆီမှာများ အဖြေရှိမလားလို့၊ နောက်ဆုံးမှာတော့ ဒီအချက်တွေရလာခဲ့တယ်..
၁. ရခိုင်အရေးနဲ့ ပက်သက်သမျှကို စူးစမ်းရမယ်
၂. ကမ္ဘာသိအောင် ဖြန့်ရမယ်
၃. အသနားခံစာတွေ တင်ရမယ်၊ ဆန္ဒပြမှုတွေမှာ ပူးပေါင်းရမယ်
၎. လှူဒါန်းရမယ်
၅. ကိုယ်တတ်နိုင်တဲ့ဘက်က ဝင်ရောက် ဆင်နွှဲရမယ်
လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ မီးရှို့၊ လူသတ်၊ မုဒိန်းမှုတွေကို ငါဘာမှ မလုပ်နိုင်ခဲ့ပေမယ့် အပေါ်ကအချက်တွေ ခံယူချက်တွေအတိုင်း ဖြန့်ဝေပြီး အရင်လူတွေလုပ်ခဲ့ကြမှပါလို့ စိတ်ဖြေလိုက်တယ်။
“အကယ်၍ ငါ့မှာသာ ဒီရိုဟင်ဂျာတွေကို ရခိုင်ကနေ ရွေ့ပြောင်းနိုင်တဲ့ အာဏာနဲ့ ကြွယ်ဝမှုမျိုးသာရှိရင်..” ကျွန်တော်တွေးမိတယ်၊ ဒါပေမယ့် အခြားဒုက္ခသည်တွေကျတော့ရော..? တစ်ကမ္ဘာလုံးက ဒုက္ခသည်တွေရော ဘယ်လိုလုပ်မလဲ..? သူတို့ရဲ့ ဘဝတွေက ရိုဟင်ဂျာတွေလိုပဲ အဖိုးထိုက်တန်ပါတယ်။
ကျွန်တော့်ရဲ့ အတွေးတွေကို တစ်ဖုတ်ဖုတ်မောင်းဝင်လာတဲ့ အဖေ့ရဲ့ မော်တော်ဆိုင်ကယ် စက်သံက ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဗလီကပြန်လာတဲ့ အဖေက အိမ်ထဲရောက်ရောက်ချင်းပဲ “သူ့ကို ဗလီမှာ မတွေ့ခဲ့ဘူး၊ ငါရှာပြီးပြီ သူ့ကို မတွေ့ဘူး”
“အဖေက ဘာလို့သူ့ကို လိုက်ရှာနေတာလဲ..?” ကျွန်တော်က မေးလိုက်တယ်။
“ငါသူ့ကိုပေးမလို့ ပိုက်ဆံယူသွားတာ၊ ရခိုင်ကို သူပိုက်ဆံတွေ ပို့ပေးနေတုန်းပဲဆိုတာ ငါသိတယ်။ ငါကူညီနိုင်တာဒါပဲရှိတယ်လေ၊ ဘာမှမကူညီပဲ စကားတွေပဲ ပြောနေတာထက်စာရင် အနည်းဆုံး ကူညီရာရောက်တာပေါ့”
ကျွန်တော် ခေါင်းညိတ်ပြီး ပြောလိုက်တယ် “အဖေသူကို မကြာခင်ရှာတွေ့မှာပါ”..
====================================================
ဆောင်းပါးက ဒီမှာတင် အဆုံးသတ်ပါတယ်၊ ဆောင်းပါးကို ပြန်သုံးသပ်ကြည့်တဲ့အခါ လူတစ်ယောက်ရဲ့ ပါးစပ်ပြောတစ်ခုထဲနဲ့ သူတစ်ပါးနိုင်ငံရဲ့ အရေးကို ဝင်ရောက် ပက်သက်လာတာကို တွေ့ရတယ်။ မလေးရှားလူမျိုးများ မဟုတ်သည့်တိုင်၊ ဘာသာတူတဲ့ အတွက် ဆိုင်တယ်ဆိုပြီး ဇွတ်ဝင်တိုးနေတာကို တွေ့ရပါတယ်။
ဖြတ်လမ်းလိုက်ပြီး အဖြေရှာတော့ အပေါ်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်ထွက်လာတယ်။ ဒီငါးချက်မှာ နံပတ်(၂) ကမ္ဘာသိအောင်ဖြန့်ရမယ် ဆိုတာနဲ့ (၃) ဆန္ဒပြမှုတွေမှာ ပါဝင်ရမယ်၊ အသနားခံစာတွေ ရေးတင်ရမယ် ဆိုတာက မီးလောင်ရာလေပင့်ချင်တဲ့ လုပ်ရပ်ပါ။ ဘင်္ဂါလီအရေးနဲ့ ပက်သက်ပြီး မဟုတ်မဟတ်လုပ်ကြံ ဇာတ်လမ်းပေါင်းများစွာက အင်္ဂလိပ်ဘာသာနဲ့ ရေးသားရိုက်ကူးထားတာတွေက ပျံ့နှံ့နေပါပြီ။ အင်တာနက်ပေါ်မှာ ရှာရင်တော့ အကြောင်းရင်း အမှန်ထက် လုပ်ကြံဇာတ်လမ်း အများစုကိုသာ တွေ့ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အင်္ဂလိပ်လို ရေးသားရိုက်ကူး ဖော်ပြနိုင်မှုနည်းပါးနေတာကတော့ မြန်မာအစိုးရနဲ့ မြန်မာမီဒီယာတွေရဲ့ ကြီးမားသော အားနည်းချက် တစ်ခုလို့ယူဆမိပါတယ်။ (အစိုးရဆိုတဲ့နေရာမှာ အရင်ခေတ်အဆက်ဆက် အစိုးရက ပိုတာဝန်ရှိပါလိမ့်မယ်)
သူ့ရဲ့ ဆောင်းပါးအလယ်ပိုဒ်မှာ စိတ်ကူးယဉ်ဆန်ဆန် ရိုဟင်ဂျာတွေကို ရခိုင်ကနေ ရွေ့ပြောင်းနိုင်ရင်ကောင်းမယ်လို့ ရေးသားထားပေမယ့် ဘယ်ကိုရွေ့မလဲ၊ မလေးရှားကို ခေါ်မှာလား ဆိုတာတဲ့ အဖြေကို မထုတ်ခင် မသိမသာလေး လျှောပြီး ဖျက်ချသွားပါတယ်။
နောက်ဆုံးမှာတော့ သူတို့မိသားစုကို ရိုဟင်ဂျာတွေတော့ ဒုက္ခရောက်နေပါပြီ၊ ကူရာမဲ့နေပါပြီလို့ ပြောသွားတဲ့သူတောင် ရှာမတွေ့ဘူးလို့ အဆုံးသတ်ထားပါတယ်။ ဒါကြောင့်မို့ ရိုဟင်ဂျာ(ဘင်္ဂါလီအရေး) ကို ပါဝင်ပက်သက်ကြသူများက ထဲထဲဝင်ဝင်တစ်ကယ့် ဖြစ်ရပ်မှန်သိတာထက် ဇာတ်နာအောင် ဖန်တီး လန်ကြုတ်ပါးစပ်ပြော ပုံပြင်များနဲ့သာ ဝင်ရောက်စွက်ဖက်ကြသူတွေများသဖြင့် သူများပါးစပ်တွင် လမ်းဆုံးနေကြသူများဟုသာ ပြောလိုက်ချင်ပါတော့သည်။
ဒီလိုပုဂ္ဂိုလ်များကို လစ်လျူရှုပြီး ကိုယ့်နိုင်ငံအတွက် လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား ဆောင်ရွက် လုပ်ကိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
မူရင်းဆောင်းပါး >> How can we help the Rohingya?