အီဂျစ်ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ၂၅ဦးသေဆုံး
12 Dec 2016 1,345 Views
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က ရှေးရိုးစွဲခရစ်ယာန် စိန့်မတ်ခ်ကက်သီဲဒြယ် ဘုရားကျောင်း မှာ ယနေ့နံနက် ၁၀နာရီခန့်က တနင်္ဂနွေဘုရားဝတ်ပြုချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂၅ ဦးသေဆုံးကာ ၄၉ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ၂ရက်အတွင်း ဒုတိယအကြိမ်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး၊ ပထမအကြိမ်ပေါက်ကွဲစဉ်က ရဲတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ရပါတယ်။
shadowy အဖွဲ့ကတော့ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ အာဏာပိုင်တွေက မတရားအသင်း ကြေညာခြင်းခံရတဲ့ မွတ်ဆလင်ညီနောင်များအဖွဲ့နဲ့ ချိတ်ဆက်နေတယ်လို့ ပြောလိုက်ပါတယ်။ အစ္စလာမ်စစ်သွေးကြွတွေဟာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေရာ ၂၀၁၁ ခုနှစ်ကလည်း အလက်ဇန္ဒြီးယားရှိ ခရစ်ယာန်ဘုရားကျောင်းတခုကို နှစ်သစ်ကူးနေ့မှာ ပစ်မှတ် ထားတိုက်ခိုက်ခဲ့ဖူးပါတယ်။
Credit : theirrawaddyburmese/