BEC-TERO TV

မြန်မာလုပ်သားတွေဟာ မလေးရှားအတွက် အဓိကမကျဟု မလေးရှားလူသုံးကုန်ဝန်ကြီးပြော

11 Dec 2016     1,537 Views


မလေးရှားနိုင်ငံက ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကိစ္စနှင့် ပက်သက်ပြီး ထိုးနှက်စွပ်စွဲမှုများကြောင့် မြန်မာနိုင်ငံအစိုးရက မြန်မာလုပ်သားများ၏ လုံခြုံရေးအတွက် မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီပိတ်ထားခဲ့သည့်အပေါ် ပြည်တွင်းကုန်သွယ်ရေးနှင့် လူသုံးကုန်ဝန်ကြီး “ဟမ်ဇာ ဇိုင်နူဒင်” က မြန်မာအလုပ်သမားတွေကို မစေလွှတ်လည်း မလေးရှားနိုင်ငံ စီးပွားရေးကို အကျိုးသက်ရောက်မှုမရှိဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
မလေးရှားနိုင်ငံ၏ ကုန်ထုတ်စီးပွားကဏ္ဍမှာ မြန်မာအလုပ်သမားတွေက အဓိကမကျကြောင်းပြောဆိုခဲ့ပြီး “မလေးရှားအတွက် အဓိက အလုပ်သမားတွေက ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားကနေ ဖြစ်ပါတယ်၊ မြန်မာက အဓိက မဟုတ်ပါဘူး” လို့ ကိုဘယ်ရာညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
 
မြန်မာအစိုးရက မလေးရှားသို့ မြန်မာလုပ်သားစေလွှတ်မှုကို ပိတ်ပင်လိုက်ပေမယ့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပက်သက်ပြီး တရားဝင် တားမြစ်ပိတ်ပင်တာမျိုး မရှိသေးဘူးဟု လူသားရင်းမြစ်ဝန်ကြီး ရစ်ချတ်ရော့ဂျင်မ်က ပြောဆိုပါတယ်။
ပါလီမန်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ”ဟမ်ဇာ”က မလေးရှားနိုင်ငံရဲ့ အွန်လိုင်းစီးပွားရေးကို ချဲ့ထွင်ရန်လိုကြောင်း၊ ဖက်စပ်လုပ်ကိုင်နေကြသူများကိုလည်း သင်တန်းများပေးရန်လိုအပ်ပြီး ကုန်ထုန်ပစ္စည်းများအတွက် အွန်လိုင်းစီးပွားရေးကို ဖန်တီးရမည်ဟု ပြောကြားခဲ့သည်။
 
မလေးရှားတစ်နိုင်ငံလုပ်မှာ ဖက်စပ်လုပ်ငန်းပေါင်း ၃၀၀ ခန့် ၂၀၀၈ ခုနှစ်ထဲက စတင်ခဲ့သော်လည်း လုပ်ငန်း ၁၅၁ ခုအနေနဲ့ သက်ဝင်လှုပ်ရှားမှု မရှိသေးကြောင်း ပြောကြားခဲ့သည်။
 

11 Dec 2016     1,537 Views




RELATED

Most Popular of International News

Most Popular of NEWS