BEC-TERO TV

မြန်မာအလုပ်သမားတွေနေရာမှာ နိုင်ငံသားတွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ မလေးရှား

08 Dec 2016     1,484 Views


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စနှင့် ပက်သက်၍ မလေးရှားဝန်ကြီး နာဂျစ်ရာဇတ်က လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ပုံကိုင်ပုံများအပေါ် ပြစ်တင် ဝေဖန်လိုက်ချိန်မှစတင်ကာ နှစ်နိုင်ငံကြား ဆက်ဆံရေး အနည်းငယ် အဖုအထစ်ရှိနေခဲ့သည်။
 
အဆိုပါကိစ္စနှင့် ပက်သက်၍ လွန်ခဲ့သော ရက်အနည်းငယ်က မလေးရှားကာကွယ်ရေး ထိပ်တန်းခေါင်းဆောင်များ နှစ်နိုင်ငံချစ်ကြည်ရေး မပျက်ပြားစေရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် အတူတစ်ကွ လက်တွဲဖြေရှင်းကြရန်နှင့် အစ္စလာမ်မစ်နိုင်ငံတော်(IS) အဖွဲ့က ဘင်္ဂါလီပြဿနာကို ဗန်းပြကာ အရှေ့တောင်အာရှနိုင်ငံများအပေါ် အမြတ်ထုတ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
 
မလေးရှားနိင်ငံ အလုပ်သမားအဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ “ရှန်ဆူဒင်” ကလည်း နှစ်နိုင်ငံဆက်ဆံရေးအခြေအနေကြောင့် သက်ရောက်လာနိုင်သည့် မလေးရှားနိုင်ငံ၏ စီးပွားရေးလည်ပတ်မှုကို ထိန်းသိမ်းနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း အကြံပေးတိုက်တွန်းလိုက်သည်။ 
မလေးရှားနိုင်ငံ၏ လုပ်ငန်းကဏ္ဍအသီးသီးတွင် တရားဝင်မြန်မာအလုပ်သမား ၁၄၇,၀၀၀ ရှိနေပြီး မလေးရှားရှိ တရားဝင်နိုင်ငံခြားသား အလုပ်သမားများ၏ ၆.၇ ရာခိုင်နှုန်း ပမာဏဖြစ်သည်။
 
ဒီအရေးကိစ္စကြောင့် ရိုက်ခတ်မှုတော့ရှိမှာပါပဲ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး” လို့ ရှန်ဆူဒင်က ဆိုပါတယ်။ မြန်မာ့နိုင်ငံခြားအလုပ်အကိုင် အေဂျင်စီအဖွဲ့၏ ကော်မတီဝင်ဖြစ်သူ ဦးမြတ်သူက မြန်မာနိုင်ငံက အလုပ်သမားတွေ မလွှတ်တော့တဲ့အတွက် မလေးရှားအနေနဲ့ အခက်တွေ့လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
 
လတ်တလောမှာ မေးဖို့ မေးခွန်းတစ်ခုပဲရှိပါတယ်။ အဲဒါက အခုမလေးရှားမှာ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာတွေကိုရော ပြန်ခေါ်မှာလား ဆိုတဲ့ မေးခွန်းပါ” ဟု ရှန်ဆူဒင်က ပြောပါတယ်။
အကယ်၍ ဒီက မြန်မာတွေကိုပါ ပြန်ခေါ်သွားရင်တော့ သူတို့နေရာတွေမှာ လစ်ဟာမှုတွေ ဖြစ်လာမှာအမှန်ပါပဲ၊ ဒါပေမယ့် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အစိုးရမှာ အဆင်သင့်ရှိနေပါတယ်
 
အစိုးရက အမျိုးသမီးတွေနဲ့ အငြိမ်းစားတွေကို လုပ်ငန်းခွင်ထဲ ပြန်ဝင်ကြဖို့ အားပေးအားမြောက်လုပ်ရပါမယ်၊ ဒါပေမယ့် ပြဿနာက သူတွေက ဆန္ဒရှိရဲ့လား ဆိုတာပါပဲ” ဟု ဖြည့်စွက်ပါတယ်။
 
အစိုးရအနေနဲ့ အခွန်အခတွေ လျော့ပေါ့တာမျိုး၊ အလုပ်သမားပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ အလုပ်တွေမှာ အငြိမ်းစားတွေကိုခန့်ရင် အလုပ်ရှင်တွေအတွက် အခွင့်အရေး တစ်ခခုခုပိုပေးတာမျိုး၊ အသက် ၆၀ နှစ်အထက် အလုပ်သမားတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့် ပေးတာမျိုးတွေနဲ့ ဆွဲဆောင်သင့်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ရေရှည်အတွက် နိုင်ငံခြားသား အလုပ်သမားတွေကိုပဲ အားကိုးနေရတာတွေ လျှော့ချနိုင်အောင် ကြိုးစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
 

08 Dec 2016     1,484 Views




RELATED

Most Popular of International News

Most Popular of NEWS