တိုင်းရင်းသားဆေးတက္ကသိုလ်ရှိ ဆရာများအား တရုတ်နိုင်ငံတွင် အပ်စိုက်ဗေဒပညာသင်ယူရန်စေလွှတ်မည်
08 Dec 2016 1,540 Views

တရုတ်အပ်စိုက်ဗေဒပညာရပ် (Acupuncture)ဖြင့် ကျွမ်းကျင်စွာဆေးကုသနိုင်ရေးအတွက် တိုင်ရင်းဆေးတက္ကသိုလ်ရှိဆရာများအားတရုတ်နိုင်ငံသို့ စေလွှတ်ရန်စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။
လက်ရှိတွင် ပြည်တွင်း၌တရုတ်အပ်စိုက်ဗေဒ ပညာရပ်ဖြင့် ကုသရာတွင် ကျွမ်းကျင်တတ်မြောက်ထားရန်လိုအပ်ကြောင်းနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာများအား တရုတ်သို့စေလွှတ်၍ ပညာသင်ကြားနိုင်ရန် တရုတ်ကျန်းမာရေးဝန်ကြီး၊ တရုတ်သံအမတ်ကြီးတို့နှင့် ဆွေးနွေးနေကြောင်း ဒေါက်တာမြင့်ထွေးက လွှတ်တော်၌ပြောကြားခဲ့ပါတယ်။
တရုတ်အပ်စိုက်ပညာရပ်သည် ကောင်းမွန်သောကုသနည်းဖြစ်ပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ဘွဲ့ရရှိထားရုံဖြင့် ယင်းပညာရပ်ကို ကုသရန်မဖြစ်နိုင်ကြောင်း၊ ထပ်မံ၍ အထူးဘာသာရပ်တစ်ခု အဖြစ်ကျွမ်းကျင်တတ်မြောက်ရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါက်တာမြင့်ထွေးက လွှတ်တော်အပြီးတွင် မီဒီယာများအား ပြောကြားပါတယ်။
Soure : 7day dilay
ဓာတ်ပုံး ပုံဖော်မှုမျှသာ