အရှိန်မထိမ်းနိုင်ပဲ သံပန်းကို တိုက်ဖျက်ပြီး ကန်တော်ကြီးထဲဝင်သွားတဲ့ တက္ကစီ
08 Dec 2016 1,380 Views

ဒီဇင်ဘာလ (၇)ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကန်တော်ကြီး ပတ်လမ်းအတိုင်း မောင်းနှင်လာသော တက္ကစီတစ်စီး ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ ကန်တော်ကြီးကို ကာရံထားသည့် သံပန်းများကို တိုက်ဖျက်ပြီး ကန်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရှိရသည်။
အငှားယာဉ်မောင်း ဖြိုးကျော် အသက်(၂၀) မောင်းနှင်လာသော ပက်ဆိုအမျိုးအစား အငှားယာဉ်သည် ခရီးသည် မပါပဲ နတ်မောက်လမ်း ကန်ပတ်လမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ ကန်အတွင်း ဝင်သွားခဲ့ခြင်းဖြစ်သည်။ ပျက်စီးဆုံးရှုံးခဲ့သော သံပန်းအကာအရံအတွက် လျော်ကြေးငွေ ငါးသောင်းကျပ် ပေးဆောင်ခဲ့သည့်အတွက် စည်ပင်သာယာမှ အမှုဖွင့်ခြင်းမရှိသော်လည်း ယာဉ်မဆင်မခြင်မောင်နှင်မှုနှင့် လိုင်စင်ခြောက်လ ပိတ်သိမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်မှု တစ်စုံတရာမရှိခဲ့ပဲ သံပန်းပျက်စီးမှု ကျပ်ငါးသောင်းနှင့် ယာဉ်ပျက်စီးမှု ကျပ်တစ်သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
Credit:7Day