မလေးရှားသို့ အလုပ်သမားစေလွှတ်မှုကို ယာယီရပ်နားကြောင်း အလုပ်သမားဝန်ကြီးဌါနထုတ်ပြန်
07 Dec 2016 1,578 Views

ရခိုင်အရေးကိစ္စနှင့် ဆက်စပ်ပြီး မလေးရှားနိုင်တွင် မြန်မာအစိုးရအားဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို စိတ်မချရသည့်အတွက် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကို ယာယီရပ်ဆိုင်ထားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌါနက ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချွင်းချက်အနေနှင့် ကတ်ဘိနက်၏ ခွင့်ပြုချက်ရထားပြီးဖြစ်သော အလုပ်ခေါ်စာများကို အလုပ်သမားအေဂျင်စီများက ကတိခံဝန်ချက်လက်မှတ်ရေးထိုးစေပြီးမှ ခွင့်ပြုသွားမည်ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။
Credit:ကုမုန္ဒြာ