တရားမဝင်မြန်မာသစ် ဝယ်သည်ဆိုပြီး တိုင်ကြားခံရသည့်ကုမ္ပဏီကိုးခုသည် မြန်မာ့သစ်လုပ်ငန်းနှင့်ပတ်သက်မှုမရှိ
05 Dec 2016 1,531 Views

သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားမဝင် မြန်မာ့ကျွန်းသစ်များရောင်းဝယ်ဖောက်ကားမှုဖြင့် အရေးယူပေးရန် ဥရောပကော်မရှင်သို့တိုင်ကြားခံရသော ပြည်ပကုမ္ပဏီကိုးခုနှင့် ရောင်းဝယ်ဖောက်ထားခဲ့ခြင်းမရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ညွှန်းကြားရေးမှူးဦးမျိုးမင်းက ဆိုပါတယ်။ “အဲဒီကုမ္ပဏီကိုးခုကို အခုမှကြားဖူးတာ။မြန်မာပြည်ကနေ ဥရောပကိုတိုက်ရိုက်တင်ပို့နေတာတွေရှိပေမယ့် မြန်မာသစ်ဝယ်တဲ့ အထဲမှာ အဲဒီကုမ္ပဏီတွေမပါဘူး”ဟု ၄င်းကပြောကြားပါတယ်။အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်၍ ကုမ္ပဏီကိုးခုအပေါ် ယနေ့အချိန်အထိ ဥရောပကော်မရှင်က စစ်ဆေးအရေးယူခြင်းမရှိပေ။ အဆိုပါကုမ္မဏီကိုးခုအနက် နှစ်ခုသည်အပြည်ပြည်ဆိုင်ရာ သစ်ထွက်ပစ္စည်း ကုန်စည်ပြပွဲတွင် နိုဝင်ဘာတတိယပတ်၌ ဝင်ရောက်ပြသခဲ့ပါတယ်။
တိုင်ကြားခံရတဲ့ ကုမ္ပဏီများမှာ Antonini Legnami, Basso Lengnami, Bellotti Spa, Boogaerdt Wood, Gold Teak Holdings, World Wood, Crown Teak, Keflico, Teak Solutions ကုမ္မဏီတို့ဖြစ်ပါတယ်။ဥရောပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာကျွန်းသစ်များသည် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် စည်းမျဉ်းများ၊ စံချိန်စံညွှန်းများကို မီနိုင်ခြင်းမရှိသောကြောင့် ဥရောပသို့ရောက်ရှိနေသည့် သစ်များ၌ မြန်မာကျွန်းသစ်များတွင် တရားမဝင်သစ်များပါဝင်နိုင်သည်ဟု EIA ကကောက်ချက်ချထားပါတယ်။
မြန်မာ့ကျွန်းသစ်အချို့ဖြင့် အသုံးပြုတည်ဆောက်ခဲ့သော ရုရှားသူဌေး၏ ကမ္ဘာ့အကြီးဆုံးရွက်လှေကို တွေ့ရစဉ်
Soure : 7day daily