BEC-TERO TV

ဗစ်တိုးရီးယားစီးကရက် ဖက်ရှင်ပွဲတော်မှ ၃ မီလီယံတန်တဲ့ အတွင်းခံ

02 Dec 2016     1,397 Views


ဖက်ရှင်လောကရဲ့ အရေးအပါဆုံး ကမ္ဘာကျော်ဖက်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ the Victoria’s Secret Fashion Show 2016 မှာ အမေရိကန် မော်ဒယ်တစ်ဦးဖြစ်တဲ့ Jasmine Tookes ဟာ ဒေါ်လာ ၃ မီလီယံခန့် တန်ကြေးရှိတဲ့ Bight Night Fantasy Bra ကိုဝတ်ဆင်ခွင့်ရရှိခဲ့တာပါ။ အဆိုပါ ဘရာကို ဒီဇီုင်နာ Eddie Borgo က ဖန်တီးထားတဲ့ဖြစ်ပြီး စိန်ပွင့်ပေါင်း ၉၀၀၀ ကျော်နဲ့အတူ မြကျောက်တွေနဲ့ တွဲဖက်လို့ ဒီဇိုင်းဆင်ထားတာ ဖြစ်ပါတယ်။

၎င်း Fantasy Bra အတွက် ဖန်တီးချိန်ဟာ နာရီ ၇၀၀ ထက်မနည်း ကြာမြင့်ခဲ့သလို အလေးချိန်ဟာလည်း ၄၅၀ ကာရက်ရှိပြီး မော်ဒယ် Jasmine ကိုတော့ တလက်လက်တောက်ပနေတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့အတူ ဆွဲဆောင်မှုရှိရှိ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူမဟာ ဒီလို ဒေါ်လာ ၃ မီလီယံ တန်ကြေးရှိတဲ့ ဘရာကို ၀တ်ဆင်ရမယ်ဆိုတာ ဘယ်သူ့မှမပြောပဲ ၅ လနီးပါး လျှို့ဝှက်ထားခဲ့တာပါ။ ယခုအခါမှာတော့ စင်ပေါ်က သူမရဲ့ ကြွကြွရွရွ ဟန်ပန်နဲ့ Cat Walk ဟာ ပရိသတ်များအတွက်တော့ အများကြီး ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

Credit : momolay


02 Dec 2016     1,397 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment