၁၂ နှစ်အရွယ် အိမ်ဖော်မိန်းကလေးအား အကြိမ်ကြိမ်အဓ္ဓမကျင့်ပြီး ဆွေမျိုးများကပါ ဝိုင်းဝန်းခြိမ်းခြောက်
28 Nov 2016 1,605 Views

ဗဟန်းမြို့နယ်၊ ဆရာစံအရှေ့မြောက် သုခလမ်း အိမ်အမှတ်(၅၅) တွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေသာ ဒဂုံမြို့သစ်တောင်ပိုင်း (၁၇)ရပ်ကွက် စိန်ပန်းမြိုင်လမ်းမှ အသက် ၁၂ နှစ်အရွယ် မမိုးနှင်းအား ဖိုးဉာဏ်(ခေါ်)ဉာဏ်လင်းထွန်းမှ အလိုမတူပဲ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့်အတွက် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဗဟန်းရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဆရာစံအရှေ့မြောက် သုခုမလမ်း အမှက် (၅၅) တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော မမိုးနှင်းအား မောင်ဖိုးဉာဏ်(ခ)ဉာဏ်လင်းထွန်းမှ အခွင့်ကောင်းယူ၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်။ ထိုသို့အဓမ္မပြုကျင့်မှု့များကို ဖိုးဉာဏ် ၏အမဖြစ်သူမှ သိရှိခဲ့ပြီး မမိုးနှင်း အားဆေးပူများတိုက်ကျွေးရာ မမိုးနှင်းမှာ သွေးများဆင်းခဲ့ရသည်။
ထို့ပြင် မမိုးနှင်းအား သူ့မောင်မှာ လူမိုက်ဖြစ်ကြောင်း လူသတ်ရဲကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မမိုးနှင်းမှ စိတ်အားငယ်စွာဖြင့် “သေချင်တယ်” ဟု ခဏ ခဏပြောဆိုမှု့အပေါ် သေချင်ရင် ဒီဆေးသောက်ဟု ခြိမ်းခြောက်ပြီး ဆေးတိုက်ပါသည်။ ထို့အပြင် အဆိုပါအိမ်တွင် နေထိုင်သော ဒေါ်ဥမ္မာလွင် ဆိုသူမှလည်း သေချင်ရင် တရုတ်ပြည်သွားမလားဟု ခြိမ်းခြောက်ပြောဆိုပါသည်။
ဖိုးဉာဏ်မှာ မမိုးနှင်း အိပ်ယာဝင်သည့် ည ၁၀နာရီနှင့် ၁၁နာရီခန့်တွင် အိပ်ယာသို့ရောက်ရှိလာပြီး ၅ကြိမ်ထက်မနည်း စော်ကားပြီး လူကြီးများအားပြန်ပြောလျှင် သက်ပစ်မည်ဟုခြိမ်းခြောက်ကြောင်း သိရှိရသည်။ ၎င်းအပြင် တည်းခိုခန်းသို့ ထွက်ခဲ့ရန် ချိန်းဆိုခဲ့ပြီး လိုချင်တာများ ဝယ်ပေးမည်ဟု မြူဆွယ်ကြောင်းလည်း သိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က လူမှုကွန်ယက်အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အမှန်တရားပေါ်ပေါက်စေရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် အများနှင့်တစ်ယောက် ဖြစ်နေသည့် အသက် ၁၂ နှစ်အရွယ် မမိုးနှင်းအတွက် ဝိုင်းဝန်းကူညီကြပါရန် Ko Pauk ဖေ့စ်ဘုတ်စာမျက်နှာထက်တွင် မမိုးနှင်း၏ ဓါတ်ပုံနှင့်တစ်ကွ ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။