အပျိုကြီး ကံပါလို့ ပြောလာတဲ့ သင်ဇာဝင့်ကျော်
25 Nov 2016 1,334 Views

အနုပညာ ရှင်တော်တော်များများ မင်္ဂလာပွဲ အသီးသီး ကျင်းပ နေတဲ့ ၀ါကျွတ်ကာလ မှာ သင်ဇာဝင့်ကျော် တစ်ယောက်ကတော့ အချစ်ရေး ကိုတော့ သိပ်ပြီး ပြောလို့ မရပါဘူး ဇာတာ ကလည်း အပျိုကြီး ကံ ပါလို့ ပြောလာပါတယ်။ ရည်းစား ထား ရင်လဲ ခဏပဲ ပျော်တယ် ၊ နည်းနည်း ကြာလာရင်စိတ်က ရှုပ်လာ ပြီး မိသားစု နဲ့ အချိန်ကုန်ရတာကို ပို သဘောကျပါတယ်လို့ လဲ ပြောထားပါတယ်။ ကံကြမ္မာ နဲ့ ပတ်သတ်ပြီးတော့ လဲ ဆိုးဆိုးရွားရွား မဖြစ်ဖို့ ဘုရားတရားကပဲ ပိုလုပ်ရမယ်ဆိုတဲ့ အသိပဲ ၀င်လာပါတယ်လို့လဲ ပြောထားပါတယ်။
လက်ရှိမှာတော့ရုံတင်ပြသနေတဲ့“မင်းလည်းဘိုကေငါလည်းဘိုကေ”ဆိုတဲ့ ဇာတ်ကားထဲမှာ ဆရာမလေး ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ပါဝင်ရတဲ့ အခန်းနည်းပေမယ့် ကားထဲမှာ ပေးချင်တဲ့ မက်ဆေ့ လေးကို သဘောကျလို့ သရုပ်ဆောင်ဖြစ်တာပါ လို့ လဲပြောထားပါသေးတယ် ။ နောက်ပိုင်း ပါဝင်ရမယ့် အခန်းအနည်းအများကို မကြည့်တော့ပဲ မက်ဆေ့ ကောင်းလေးတွေ ပေးနိုင်မယ့် ဇာတ်ကားတွေ ကိုပဲ ရိုက်ဖြစ်မှာပါလို့ လဲ ပြော သွားခဲ့ ပါတယ်။
ဟာသကားတွေ အပေါ် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို လဲ ပရိတ်တွေက အားပေးလို့ ဝေဖန်ကြတာပါ အဲဒီအတွက်ကြောင့်လည်း ပရိသတ်အ ကြံပြုတဲ့ စကားသံတွေကို နားထောင် ဖို့ အမြဲအသင့်ပါပဲ။ သင်ဇာတို့ဘက် လည်း အကောင်းဆုံးဖြစ်အောင် ဒီထက်အမြဲ ပိုကြိုးစားနေပါ တယ်လို့ ပြောထားပါတယ်။
Credit:yangonmedia