BEC-TERO TV

သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး

25 Nov 2016     2,227 Views


နိုင်ဝင်ဘာ ၂၃ ရက်နေ့က ဘုရားသုံးဆူမြို့တွင် လင်မယားနှစ်ယောက် ရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူ သေဆုံးခဲ့သော လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၀) နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့ (၂) ရပ်ကွက်တွင် နေထိုင်သော မောင်အေးချမ်း အသက် (၂၄)နှစ်သည် မူးယစ်သောက်စားက အိမ်သို့ပြန်လာခဲ့ပြီးနောက် ဇနီးသည်အား ပြဿနာရှာကာ လက်သီးနှင့် ထိုးကြိတ်ခဲ့သည်။ ဇနီးသည်ဖြစ်သူမှာ သီးမခံနိုင်တော့သည့်အဆုံး၌ ယောက်ျားဖြစ်သူ၏ ငယ်ပါအား ဖမ်းဆွဲ၍ လည်းပင်းကို ဘောင်းဘီအရှည်နှင့် ရစ်ပတ်ကာ လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်သည်။
 
ထို့ကြောင့် တရားခံ မအေးအေး အသက်(၂၂) နှစ်ကို ဘုရား သုံးဆူရဲစခန်းက (ပ)၂၇/၂၀၁၆ ပုဒ်မ(၃၀၂) နှင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 
Fef:မောင်နန္ဒ

25 Nov 2016     2,227 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS