ရှမ်းမြောက်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက် အမြန်ဆွေးနွေးအဖြေရှာရန်တိုက်တွန်း
21 Nov 2016 1,346 Views

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် ယုံကြည်မှုတည်ဆောက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်စေပြီး အမြန်ဆုံး ဆွေးနွေးအဖြေရှာသင့်ကြောင်း NCA ရေးထိုးထားသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများက ကြံပြုပြောကြားပါတယ်။
“တကယ်ခိုင်လုံတဲ့အကြောင်းရှိရင်တော့ တစ်မျိုးပေါ့၊ အဲလိုမဟုတ်ပဲနဲ့ ဒီလိုမျိုးတိုက်ပွဲဖြစ်နေတဲ့ ပုံစံမျိုးကတော့ ယုံကြည်မှုအားနည်းတာပေါ့” ဟု ချင်းမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းမှုးဒေါက်တာရွှေခါးရ်က ပြောပါတယ်။ “ပထမအအဆင့်က ယာယီအ ပစ်ခေတ်ရပ်စဲရေးလုပ် ၊အစိုးရဘက်ကကြေညာ တိုင်းရင်းသား အဖွဲ့တွေက ကြေညာပြီးရင် NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးပြီး အားလုံးပါဝင်တွေ့ဆုံပြီးမှ နိုင်ငံရေးဆွေးနွေးပြီး အားလုံးပါဝင်တွေ့ဆုံပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ညီလာခံကို လုပ်တာကအကောင်းဆုံးလို့မြင်တယ်”ဟု
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျားကပြောပါတယ်။မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့ဖြစ်သည့် ကေအိုင်အေ၊ TNLA ၊ AA နှင့် ကိုးကန့်အဖွဲ့များမှာ NCA ကို လက်မှတ်ရေးထိုးထားခြင်းမရှိပေ။
Soure : 7day daily